Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 13, 2014

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင်လျက်ရှိ

 
KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ပြန်လည် လွတ်မြောက်လာသူ ဒေသခံ ၉ ဦးအား တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကြာရာပတ္တီး (အေ) နယ်မြေသို့ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့် နှင့် နိုဝင်ဘာ ၁ဝ ရက် ည ၁၂ နာရီခွဲခန့် တို့တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး နေအိမ်များ နှင့် လမ်းမပေါ်များမှ မနန်ရှင်း၂၄ နှစ်၊ မဒခွမ်ကျင် ၂၂ နှစ်၊ မခွန်ဆား ၂၈ နှစ်၊ မောင်ဝဒမ်းဂျုံ ၁၆ နှစ်၊ မောင်နမ့်ဟီးဆင် ၁၇ နှစ်၊ မောင်ကိဘောမ် ၁၉ နှစ်၊ မောင်ခေါင်ဂျုံး ၁၉ နှစ်၊ မောင်ပေါင်ခမ်းကူး ၂ဝ နှစ်၊မောင်ဆောင်ချမ်း (ခ) မာနော် ၂ဝ နှစ်၊ မောင်ထချီဖုန် ၂၂ နှစ်၊ မောင်ဘောက်နော် (ခ) ဒွန်ဆာဘော် ၂၃ နှစ် နှင့် မောင်တန်ကူးဆင်ရန် ၂၅ နှစ်၊ အမျိုးသမီး သုံးဦး ၊ အမျိုးသားကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား လူသစ် အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည်။

အဆိုပါ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား အမြန်ပြန်လည် စေလွှတ်ပေး နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သို့ အကြောင်းကြား ခဲ့သဖြင့် နိုဝင်ဘာ ၁၁ ရက်နံနက် ၈ နာရီခွဲခန့်တွင် အမျိုးသမီး သုံးဦး၊ အမျိုးသား ခြောက်ဦး စုစုပေါင်း ကိုးဦးအား ပြန်လည် စေလွှတ်ပြီး ကျန်ရှိသည့် မောင်ဝဒမ်းဂျုံ၊ မောင်တန်ကူးဆင်ရန် နှင့် မောင်ခေါင်ဂျုံး တို့အားလည်း နိုဝင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခွဲတွင် ပြန်လည် စေလွှတ်ခဲ့သည်။

ထိုသို့ KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ကျေးရွာများသို့ ဝင်ရောက်၍ ဒေသခံပြည်သူ များအား လက်နက် အားကိုးဖြင့် အဓမ္မလူသစ် စုဆောင်းခြင်းများ မပြုလုပ်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်း များက နယ်မြေ လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment