Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 13, 2014

ပန်းဆိုးတန်း-ဒလသို့ ပြေးဆွဲမည့် ဂျပန်နိုင်ငံလုပ် ချယ်ရီကူးတို့ သင်္ဘောများ သုံးရက် အခမဲ့ ပြေးဆွဲမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ လူဦးရေ ၁၂၀၀ သယ်ဆောင်နိုင်သည့် ပန်းဆိုးတန်း-ဒလပြေး ချယ်ရီကူးတို့ရေယာဉ် စတင် ပြေးဆွဲခြင်း အထိမ်းအမှတ်အဖြစ်သုံးရက်တိုင် ခရီးသည်နှင့် ကုန်တန်ဆာခ အခမဲ့ပြေးဆွဲပေးသွားမည်ဟု ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူက ပြောသည်။

ချယ်ရီကူးတို့ရေယာဉ် သုံးစီးအား အခမဲ့ပြေးဆွဲခြင်းကို နိုဝင်ဘာ ၁၆ရက်မှ ၁၈ရက်အထိ ပြေးဆွဲပေးမည်ဖြစ်ပြီး နောက်ပိုင်းရက်များတွင် ခရီးသည်တစ်ဦးကျပ် ၁၀၀နှုန်းနှင့် နိုင်ငံခြားသားတစ်ဦး နှစ်ဒေါ်လာနှုန်းဖြင့် မူလနှုန်းအတိုင်း မပြောင်းလဲဘဲ ပြေးဆွဲပေးသွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ချယ်ရီကူး တို့ရေယာဉ်များကို ဂျပန်နိုင်ငံမှ ချစ်ကြည်ရေး အထိမ်း အမှတ်အဖြစ် လှူဒါန်း ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ၁၅ရက်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ လွဲပြောင်းပေးအပ်မည်ဖြစ်သည်။

ဂျပန်နိုင်ငံမှ ရန်ကုန်မြစ်တွင်းပြေးဆွဲပေးလျှက်ရှိသည့် ကူးတို့ရေယာဉ် သုံးစီးအပြင် ဒလကူးတို့ဆိပ် နှစ်လမ်းသွား ဆိပ်ခံတံတားနှစ်စင်းနှင့် ခရီးသည်နားနေ ဆောင်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကူးတို့ဆိပ်၊ နှစ်လမ်းသွားဆိပ်ခံနှင့် ခရီးသည်နားနေဆောင်များကိုပါ နိုဝင်ဘာ ၁၅ရက်တွင် ဖွင့်လှစ် သွားမည်ဖြစ် သည်။

ရန်ကုန်မှ ဒလသို့ နေ့စဉ် ခရီးသွားဦးရေ ၁၅၀၀၀ မှ အများဆုံ ဦးရေ ၃၀၀၀၀ ခန့်အထိ သွားလာနေသည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက သုတေသနစစ်တမ်းများ အရ သိရသည်။

mizzima

No comments:

Post a Comment