Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 14, 2014

သေဆုံးသွားပြီဟု ကောလာဟလများ ပျံ့နှံ့နေသည့် IS ခေါင်းဆောင်၏ အသံဖိုင်ထွက်ပေါ်လာ




  အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည်ဆိုသော ကောလာဟလများကို ဖြေရှင်းသည့် အနေဖြင့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ ခေါင်းဆောင် အဘူဘေကာ အယ်လ် ဘဂ္ဂဒက်ဒီသည် အသံဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
IS အဖွဲ့က ထုတ်လွှင့်လိုက်သည့် အော်ဒီယို အသံဖိုင်ထဲတွင် IS ခေါင်းဆောင် ဘဂ္ဂဒက်ဒီကိုယ်တိုင် စကားပြောဆိုထားကြောင်း ဆိုသည်။ သို့သော်လည်း (၁၇)မိနစ် ကြာမြင့်သည့် အဆိုပါ အသံဖိုင်အတွင်းရှိ အသံရှင်သည် ဘဂ္ဂဒက်ဒီ အမှန်တကယ် ဟုတ်မဟုတ် အတည်မပြုနိုင်သေးချေ။
ဘဂ္ဂဒက်ဒီ အနေဖြင့် အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီ၊ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဆိုသော ကောလာဟလများ အီရတ်တွင် ပျံ့နှံ့နေသည့်နောက် ယင်းကို တုံ့ပြန်သည့် အနေဖြင့် IS အဖွဲ့က အဆိုပါ အသံဖိုင်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အသံဖိုင်ထဲတွင် “မွတ်ဆလင် အပေါင်းတို့။ ခင်ဗျားတို့ရဲ့ နိုင်ငံတော်ဟာ ကောင်းမွန်စွာ ရှိနေဆဲဆိုတာ အာမခံပါတယ်။ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကျွန်ုပ်တို့ရဲ့ ချီတက်မှုဟာ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ရှေ့ဆက် ဖြန့်ကျက်သွားမှာဖြစ်တယ်”ဟု ပြောကြားထားသည်။ အဆိုပါ အသံသည် ဘဂ္ဂဒက်ဒီ၏ အသံနှင့် ဆင်တူသော်လည်း ၎င်းကိုယ်တိုင် ပြောဆိုထားခြင်း ဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးချေ။
“မကြာခင်မှာ ဂျူးတွေနဲ့ ခရူးဆိတ် စစ်သည်တွေဟာ မြေပြင်ပေါ် သက်ဆင်းလာရမယ်။ သူတို့ရဲ့ မြေပြင်တပ်တွေကို စေလွှတ်ခြင်းဟာ သူတို့ရဲ့ သေခြင်းနဲ့ ပျက်စီးခြင်းဆီကို ဦးတည်လိုက်ခြင်းပဲ”ဟုလည်း အသံရှင်က ခြိမ်းခြောက်ထားသည်။
IS အဖွဲ့သည် အမေရိကန်နှင့် ညွန့်ပေါင်း မဟာမိတ်များ၏ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ပြီး စစ်ရေးအရ အရှိန်မြှင့် လှုပ်ရှားနေဆဲဖြစ်သည်။
_Channel NewsAsia
 http://www.7daydaily.com/story/24911#.VGZEzMnUgZI

No comments:

Post a Comment