ဂျပန်နိုင်ငံတွင် ပြုလုပ် သည့် Miss International အလှ မယ်ပြိုင်ပွဲ၌
မြန်မာနိုင်ငံ ကိုယ် စားပြုအဖြစ် ယှဉ်ပြိုင်ခဲ့သော မေ ဘရဏီသော်သည်
အမျိုးသားဝတ်စုံအဖြစ် စုဖုရားလတ် ဘိသိက်သွန်းစဉ်က ၀တ်စုံကို ရွေးချယ်ဝတ်ဆင်
ခဲ့ရာ အဆင်မပြေမှုများရှိခဲ့ပြီး ပရိ သတ်အချို့ကလည်း ၎င်းနှင့်
လိုက်ဖက်ခြင်းမရှိကြောင်း ဝေဖန် ခဲ့ကြသည်။
‘‘အမျိုးသားဝတ်စုံ (National Costume) က ဒီမှာဝတ်တုန်းက တော့ ကိုယ်နဲ့
Fitting ကျတယ်။ ဟိုရောက်တော့ ပင်ပန်းပြီး လူက ၀ိတ်ကျသွားတယ်။ နောက်ပြီး
တစ်ခုဆိုးသွားတာကလည်း ဦး ထုပ်က ချောင်နေတယ်။ ဦးထုပ် ကို ကလစ်နဲ့
ထိုးတော့ထိုးတယ်။ ဒါပေမဲ့ ထိန်းလို့မရဘဲ လည်သ လိုဖြစ်သွားတယ်’’ ဟု
ပြိုင်ပွဲအ တွေ့အကြုံကို မေဘရဏီသော် က ပြောသည်။
မေဘရဏီသော်၏ ပြိုင်ပွဲ ၀င်အမျိုးသားဝတ်စုံကို သီပေါ မင်းနှင့် စုဖုရားလတ်
ဘိသိက် သွန်းချိန်က ၀တ်ဆင်ခဲ့သော ၀တ် စုံအား နမူနာထား၍ ဖန်တီးခဲ့ခြင်း
ဖြစ်ပြီး ခေါင်းဆောင်းနှင့် အဆင် တန်ဆာများတွင် ကွဲပြားမှုရှိ ကြောင်း
ဖန်တီးခဲ့သည့်ဒီဇိုင်နာ မျိုးမင်းစိုးက ပြောသည်။
ပရိသတ်အများစုက မေဘ ရဏီသော်နှင့် လိုက်ဖက်မှုမရှိ ကြောင်း ဝေဖန်ခဲ့သလို
သိကြား မင်းဝတ်စုံနှင့် တူညီနေသည်ဟု ပြောဆိုမှုများလည်း ရှိခဲ့သည်။
ပြိုင်ပွဲတွင် ဆုတစ်ဆုမျှ မရ ရှိခဲ့သော်လည်း ဂျပန်အစိုးရ ပေး အပ်သည့် ခရီးသွားသံတမန်အ ဖြစ် ခန့်အပ်ခံခဲ့ရသည်။
‘‘လာပြိုင်တဲ့ နိုင်ငံတိုင်းက အလှမယ်တွေကို ဂုဏ်ပြုတဲ့အ နေနဲ့ ပေးတယ်။ အရင်နှစ်တွေက တော့ ပေးတာ မကြာဖူးဘူး’’ ဟု မေဘရဏီသော်က ပြောသည်။
ထို့ပြင် ပြိုင်ပွဲယှဉ်ပြိုင်စဉ် ကာလအတွင်း ကြိုးစား၍ ယှဉ်ပြိုင်ခဲ့
သော်လည်း ဆုမရခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်မိကာ မျှော်လင့်ချက်များဖြင့်
အားပေးခဲ့ကြသော ပရိသတ်များကိုလည်း အားနာမိ ကြောင်း ၎င်းကပြောသည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 14, 2014
စုဖုရားလတ်ဝတ်စုံနဲ့ အထာမကျခဲ့တဲ့ မေဘရဏီသော်
စုဖုရားလတ်ဝတ်စုံနဲ့ အထာမကျခဲ့တဲ့ မေဘရဏီသော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment