Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 9, 2014

ကမ်းပါးပြိုကျမှုအား ထိန်းသိမ်း ဆောင်ရွက်ပေးသည့် ၀န်ထမ်းသုံးဦး ကမ်းပါးပြိုကျ၍ ရေထဲမျောပါသွား



ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျလျက် ရှိရာ အဆိုပါ ကိစ္စရပ်အား ထိန်းသိမ်း ဆောင်ရွက် ပေးမည့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ထမ်း သုံးဦးသည် နိုဝင်ဘာ ၇ ရက် နံနက် ၁ဝ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာ အုပ်စု၊ ကြို့ကုန်းကျေးရွာ အနီးတွင် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက် နေစဉ် မြစ်ကမ်း ပါးပြိုကျ၍ ရေထဲ၌ မျောသွား ခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက် ရှိသော ဦးမြတ်မင်းထွန်း (AE) နှင့် တိုင်းတာရေး ဝန်ထမ်းနှစ်ဦး တို့သည် MGRG ရေယာဉ်အသင်း မှ ကျော်ဇင်ဝင်း အမြန်ရေယာဉ် ဖြင့် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းပါးပေါ်သို့ တက်ရောက်စဉ် ကမ်းပါး ပြိုကျခဲ့ရာ၊ ဝန်ထမ်းသုံးဦး နှင့်အတူ တိုင်းတာရေး ပစ္စည်းများ ဖြစ်သော Level (၁) ခု၊ GTS အထိုင်စက် တစ်လုံး၊ Trantucer Mornitor GSM နှင့် စာရွက်စာတမ်းများ၊ ခရီးဆောင် အိတ်များ ရေထဲ၌ မျောပါ သွားခဲ့သည်။

ထို့ကြောင့် ရေယာဉ်လုပ်သား များက အချိန်မီ ကယ်ဆယ် ပေးခဲ့ရာ တိုင်းတာရေး ဝန်ထမ်းသုံးဦး ၏ အသက်ကို ကယ်ဆယ် နိုင်ခဲ့သော်လည်း အခြား ပစ္စည်းများ ကိုမူ ဆယ်ယူ နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် လေးသိန်း ဖိုးခန့်ရှိကြောင်း ခန့်မှန်း ထားသည်။

အဆိုပါ ကမ်းပါးပြိုကျ မှုကြောင့် တိုင်းတာရေး ပစ္စည်းများ ဆုံးရှုံးခဲ့ရသည့် အတွက် လုပ်ငန်းများ ယာယီ ရပ်ဆိုင်းထား ရသော်လည်း ကလေးဝ မြို့နယ် ရေအရင်းအမြစ် ဌာနမှ တိုင်းတာရေး ပစ္စည်းများ ရောက်ရှိလာ ပါက တိုင်းတာရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment