Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 9, 2014

ဆေးလိပ်တောင်းသောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး စကားများ ရန်ဖြစ်ရာက ဓါးနှင့်ထိုး၍ သေဆုံး


၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီအချိန် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မိုးကောင်း ရပ်ကွက်၊ လမ်းဘေးတွင်ဖွင့်လှစ်ထားသော ''အောင်ကောင်းမြတ်''ထမင်းဆိုင်တွင် ဓါးထိုးမှု ဖြစ်ပွားကြောင်း သတင်းအရ အောင်ပန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ အောင်ပန်းမြို့နယ်၊ ဇောတိကကျေးရွာနေ အောင်မျိုးနိုင်(ခ)ဝက်ကြီး(၃၅)နှစ်အား ဝဲဘက် ရင်အုံ၌ ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွား ခဲ့သည်။

စစ်ဆေးချက်အရ အောင်မျိုးနိုင်(ခ)ဝက်ကြီး ထမင်းစားနေစဉ် အောင်ပန်းမြို့၊ ရွာသစ် ရပ်ကွက်နေ ဝင်းကိုဌေး(၄၆)နှစ်မှ ဆေးလိပ်တောင်းသောက်ရာက စကားများရန်ဖြစ်ကြပြီး ဝင်းကိုဌေးမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးဦးချွန်နှင့်ထိုးသဖြင့် ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သောကြောင့် ဝင်းကိုဌေးအား အောင်ပန်းနယ်မြေရဲစခန်း(ပ)၁၂၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment