Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 7, 2014

ဂျပန်ရုပ်ရှင်ပွဲတော်ကြီးမှာ ဂုဏ်ယူစွာ ပြသခွင့်ရခဲ့တဲ့ မြန်မာဇာတ်ကား

ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ 'ခြေဖ၀ါးတော်နုနု' ဇာတ်ကားကို အောက်တိုဘာလ
နောက်ဆုံးပတ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် တိုကျိုနိုင်ငံတကာ
ရုပ်ရှင်ပွဲတော် (Tokyo International Film Festival) မှာ ထည့်သွင်းပြသခဲ့ရာ ကိုယ်ပိုင်ဟန်ရှိတဲ့
ဇာတ်လမ်း၊ အရည်အသွေးမြင့်မားတဲ့ ရိုက်ကူးတင်ပြပုံတို့ကြောင့် ပွဲတက်ရောက်သူ
မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ရတယ်လို့ ရုပ်ရှင်ပွဲတော် တက်ရောက်သူတွေက
ပြောကြပါတယ်။

'ခြေဖ၀ါးတော်နုနု' ဇာတ်ကားကို ရုပ်ရှင်ပွဲတော်မှာ ထည့်သွင်းခဲ့တဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့
Memory Sectionမှာ ပြသခဲ့တာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက်
တတိယအကြိမ်မြောက်ရွေးချယ်ခံ ရတာဖြစ်ပါတယ်။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို ဂျာမနီနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

"ဒီကားက အဖေ့ရဲ့ ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ရိုက်ကူးခဲ့တယ်လို့
သိရတယ်။ အဲဒီရှေ့က ပထမကား (ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း)ကတော့ အကယ်ဒမီရတယ်။
ဒီကားကတော့ အကယ်ဒမီ မရဘူးပေါ့။ ဒါပေမဲ့ ဒီကားမှာ အဖေဟာ သူပြချင်တာ၊ သူရိုက်ချင်တာ
တော်တော် များများကို လုပ်ခွင့်ရခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့ နယ်လှည့်ဇာတ်သဘင်နဲ့
ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများ ဒီရုပ်ရှင်ကားမှာ တော်တော်စုံတယ်။
အဲဒါကြောင့်မို့ပဲ ဒီဇာတ်ကားကို ဒီတိုကျို ရုပ်ရှင်ပွဲတော်မှာ ပြဖို့အတွက် သူတို့ ရွေးချယ်လိုက်တယ်
လို့ ကျွန်တော် ထင်တယ်"လို့ ပွဲတော်ကို တက်ရောက်ခဲ့တဲ့ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ သားဖြစ်တဲ့
ဥက္ကာက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

No comments:

Post a Comment