Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 14, 2014

မိန်းကလေး သုံးဦးနှင့် ကားတစ်စီးကို ပြန်ပေးဆွဲခဲ့သည် ဆိုခြင်းကို သရုပ်ဆောင် နေမင်း ပြန်လည် ရှင်းလင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၄။ ကျောင်းသူ အရွယ် မိန်းကလေး ၃ ဦး အပါအ၀င် ကားတစ်စီးကိုပါ ပြန်ပေးဆွဲ သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက် သရုပ်ဆောင် နေမင်းက ယနေ့နေလည်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ Central Hotel တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြန်လည် ဖြေရှင်း ခဲ့သည်။ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ဖြစ်ရပ်အတွင်း ပါဝင်ပတ်သက်ခဲ့ သူများ ဖြစ်သည့် ကားပိုင်ရှင် ဖြစ်သူ မကွေးတိုင်း ဒေသကြီး သဘင် အစည်းအရုံးမှ ဦးမင်းခန့်ကိုနှင့် သရုပ်ဆောင် နေမင်းတို့က တက်ရောက် ခဲ့ကြပြီး ကားပိုင်ရှင် ဖြစ်သူ ဦးမင်းခန့်ကိုက သရုပ်ဆောင် နေမင်းနှင့် ညီအစ်ကိုများကို ကန်ပက်လက် မြို့သို့ ပို့ခိုင်းရာတွင် ဒရိုင်ဘာ ဖြစ်သူ၏ အမှားကြောင့် ကတောက်ကဆ ဖြစ်ကာ ဒရိုင်ဘာကို ထားခဲ့ပြီး ကားကို မောင်းသွားခြင်း ဖြစ်ကြောင်း၊ ကနဦးတွင် ဒရိုင်ဘာ၏ ပြောစကား တစ်ခုတည်းဖြင့် ကားကို ပြန်ပေးဆွဲသွားသည်ဟု သတင်းထွက်ခြင်း ဖြစ်ကြောင်း၊ ကားပေါ်တွင် ပါသွားသည့် မိန်းကလေး များမှာလည်း ပရိသတ်များကို စေတနာဖြင့် နေမင်းက လမ်းကြုံခေါ်တင် ခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် နေမင်းသည် မကွေးတိုင်း ဒေသကြီး၊ ဆောမြို့ ဘုရားပွဲတွင် ကပြဖျော်ဖြေ ပြီးနောက် နိုဝင်ဘာ ၇ ရက် တွင် ကန်ပက်လက် မြို့တွင် သွားရောက်ကာ အနားယူမည်ဟု ဆိုခြင်းကြောင့် နေမင်းနှင့် ၎င်း၏ ညီဝမ်းကွဲ ခြောက်ယောက်ကို မကွေးတိုင်း ဒေသကြီး သဘင် အစည်းအရုံးမှ အတွင်းရေးမှူး ဦးမင်းခန့်ကိုက သူ၏ ကားကို ၎င်း၏ ဒရိုင်ဘာ မြင့်ဇော်ဦးအား မောင်းနှင်ကာ လိုက်လံ ပို့ဆောင်ခိုင်း ခဲ့သည်ဟု ဦးမင်းခန့်ကိုက ပြောသည်။

“ကျွန်တော်တို့ ကိုနေမင်းကို လိုက်ပို့တော့ ကျွန်တော့် ဒရိုင်ဘာကို ကျွန်တော်က ပိုက်ဆံ နှစ်သောင်း လုပ်အားခ ပါပေးပြီး ပို့ခိုင်းလိုက်တာ။ အဲဒါ ဒရိုင်ဘာက လမ်းမှာ သောက်စားပြီး ကိုနေမင်းတို့ အဖွဲ့ကို ရစ်တော့ သူ့ကို လမ်းမှာ ဆင်းခိုင်းပြီး ကိုနေမင်း တို့က ဆက်မောင်း သွားတာ။ ဒရိုင်ဘာက ပြန်လာပြီး တိုင်တော့ သူသောက်စား ရစ်တာ မပါဘဲ သူ့အကောင်းကြီးဘဲ တိုင်တဲ့ အတွက် တစ်ဘက်တည်း စကားနဲ့ ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှုတို့နဲ့ တရားစွဲမယ် ဖြစ်ကုန် တာပါ။ ကိုနေမင်းတို့ ဘက်က ပြောတော့မှ အမှန်အတိုင်း သိရတာပါ။အဲဒီအတွက် ကိုနေမင်း ကိုရော ကိုနေမင်းရဲ့ မိသားစုနဲ့ ပရိသတ် ကိုရော တောင်းပန် ပါတယ်။ ကိုနေမင်းကို အထင်မလွဲ ပါနဲ့” ဟု မကွေးတိုင်း ဒေသကြီး သဘင် အစည်းအရုံးမှ အတွင်းရေးမှူး ဦးမင်းခန့်ကိုက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သရုပ်ဆောင် နေမင်းက “ခုနက ကိုမင်းခန့်ကို ရှင်းသွားတာ အားလုံး ပြည့်စုံ နေပါပြီ။ ကျွန်တော် ပြောချင် တာက ကျွန်တော်တို့ အနုပညာရှင် ဆိုတာ ပရိသတ် အားပေးမှု၊ ပရိသတ် မေတ္တာနဲ့ အသက်ရှင်ရ တာပါ။ ရပ်တည်ရ တာပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် မလုပ်ခဲ့ ပါဘူး။ မဖွံ့ဖြိုး သေးတဲ့ ဒေသမှာ ရှိတဲ့ ပရိသတ်ကို ဖျော်ဖြေချင်တဲ့ စိတ် နဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှန်း သိပေမယ့် အဲဒီပွဲကို ကျွန်တော် လက်ခံခဲ့ တာပါ။ ကောင်မလေး သုံးယောက် ပါလာတယ် ဆိုတာ ကလည်း ကျွန်တော်နဲ့ ဓါတ်ပုံ လာတွဲရိုက်တဲ့ အရွယ်မရောက် သေးတဲ့ ကလေးလေး သုံးယောက်ပါ။ ကျွန်တော့် တူမ အရွယ်တွေပါ။ သူတို့က ဟိုးတောင်အောက်က လာကြည့်ရတယ် ဆိုတော့ ကျွန်တော်က အပြန်မှာ ပရဟိတ စိတ်နဲ့ ကားကြုံ ခေါ်လာ တာပါ။ ပရိသတ်တွေ ဆီကနေ အတွေ့အကြုံသစ် လိုချင်လို့ပါ။ ကလေး မိဘတွေရော ကလေးတွေ ရောက အခုလို သတင်းတွေ ထွက်လာတဲ့ အတွက် သူတို့တွေ လိုက်ရှင်းပေးမယ် လို့တောင် ပြောနေ တာပါ” ဟု နေမင်းက ရှင်းပြသည်။

နေမင်းသည် နိုဝင်ဘာ ၈ ရက်က မကွေးတိုင်းဒေသကြီး၊ ဆောမြို့၏ ကိုးတန်းနှင့် ဆယ်တန်း ကျောင်းသူသုံးဦးနှင့်အတူ ဟာရီယာ ကားတစ်စီးကို ပြန်ပေးဆွဲ ခဲ့ခြင်းကြောင့် မကွေးတိုင်း ဒေသကြီး သဘင် အစည်းအရုံးက တရားစွဲဆိုမည်ဟု နိုဝင်ဘာလ ၁၁ ရက်ထုတ် Tomorrow ဂျာနယ် အတွဲ ၃၇ စာမျက်နှာ ၂ တွင် ဖော်ပြ ခဲ့ခြင်းကြောင့် သရုပ်ဆောင် နေမင်းက မကွေးတိုင်း ဒေသကြီး သဘင် အစည်းအရုံး အတွင်းရေးမှူး ဦးမင်းခန့််ကိုအား ခေါ်ယူ၍ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Central ဟိုတယ်တွင် စာနယ်ဇင်း ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment