Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 14, 2014

ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း


Friday, November 14, 2014

ပရိသတ်လက်ခံတဲ့မင်းသမီးဖြစ်အောင် အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ လူတွေရဲ့ သဘော သဘာဝဇာတ်ပုံစံတွေကို ပိုပြီးတော့လေ့လာဖြစ်တယ်၊

မယ်တစ် ယောက်အဖြစ်ကနေ အနုပညာလော ကထဲကို ဝင်ရောက်လာတဲ့ တက်သစ် စမင်းသမီး ခင်ဝင့်ဝါနဲ့တွေ့ဆုံခိုက်။
မေး - လတ်တလော အနုပညာ လှုပ်ရှားမှုကိုလဲ ပြောပြပေးပါဦး။
ဖြေ - အခုလောလောဆယ်တော့ ညီမ ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ''အ ချစ်ရဲ့ လက်တစ်စုံဖြင့် ထုဆစ်လိုက် သော''ဆိုတဲ့ ဇာတ်ကားလေးကိုရိုက် ကူးနေပါတယ်။
မေး-အခုရိုက်နေတဲ့ဇာတ်ကားထဲက ကာရိုက်တာကရောဘယ်လိုပုံစံလဲ
ဖြေ - ''အချစ်ရဲ့လက်တစ်စုံဖြင့် ထု ဆစ်လိုက်သော'' ဇာတ်ကားလေးမှာ ညီမရဲ့ကာရိုက်တာက ကျောင်း သူ တစ်ယောက်ရဲ့ပုံစံပါပဲ။ ကျောင်းမှာ စာအရမ်းတော်တဲ့ကောင်လေးကို လိုက်ကြိုက်တဲ့ပုံစံမျိုးလေးပါ။
မေး - တက်သစ်စမင်းသမီးတစ် ယောက်အနေနဲ့ဘာတွေလေ့လာဖြစ်လဲ။
ဖြေ - ညီမက အခုချိန်မှာအနုပညာ လောကထဲကို ခြေလှမ်းစလှမ်းတဲ့သူ ဖြစ်တဲ့အတွက် ညီမအတွက်လေ့လာ ဖြစ်စရာတွေအများကြီးပါပဲ။ ညီမက အခုချိန်မှာ အားနည်းချက်တွေရှိ ကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့လဲ အဲ ဒီအားနည်းချက်တွေကို တဖြည်းဖြည်း နဲ့ပြုပြင်သွားမယ်။ ညီမအားလုံးကို အခုချိန်မှာလေ့လာတယ်။ အဖက် ဖက်က ပြည့်စုံအောင်လေ့လာပြင် ဆင်သွားမှာပါ။ ညီမထက် စီနီယာကျတဲ့သူတွေရဲ့ပြောစကားကိုလဲ နား ထောင်တယ်။ ဆုံးမတဲ့စကားတွေကိုလဲ အမြဲတမ်းမှတ်ထားတယ်။
မေး။ - အခုချိန်မှာ ဘယ်လိုဇာတ်ရုပ်မျိုးကို ပိုပြီးတော့ရိုက်ချင်လဲ။
ဖြေ - ညီမ အခုချိန်မှာရိုက်ကူးနေတဲ့ဇာတ်ကားက ကာရိုက်တာမစုံ သေးပါဘူး။ ညီမဘက်ကလဲ ဘယ်ဇာတ်လမ်းမျိုးကိုပဲ ရိုက်ချင်တယ်။ ဘယ်လိုကာရိုက်တာကိုတော့ ပိုပြီးတော့ အားသန်တယ်ဆိုတာမျိုး ထက် အခုချိန်မှာအားလုံးကို အကောင်းဆုံးဖြစ်အောင်ကြိုးစား နေရတဲ့အချိန်ပါ။ ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ ပရိသတ်လက် ခံတဲ့မင်းသမီးဖြစ်အောင် အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့လူ တွေရဲ့ သဘောသဘာဝဇာတ်ပုံစံတွေကို ပိုပြီးတော့လေ့လာ ဖြစ်တယ်။ ဇာတ်လမ်းထဲမှာမဟုတ်ဘဲ အပြင်မှာဖြစ်နေတဲ့ ဇာတ်ရုပ်ပုံစံမျိုးကိုပိုရိုက်ချင်တယ်။
မေး - အဲဒါဆိုရင်ဘယ်လိုဇာတ်ကားမျိုးကိုမဆို လက် ခံရိုက်ကူးဖြစ်နေတာလား။
ဖြေ - ညီမကို ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေကလဲ များသောအားဖြင့် ညီမနဲ့လိုက်ဖက်တဲ့ဇာတ်လမ်းမျိုး တွေပါပဲ။ ညီမကိုကမ်းလှမ်းလာတဲ့ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းကိုတော့ အမြဲတမ်းအစအဆုံးဖတ်တယ်။ ပြီး တော့မှာ လက်ခံသင့် လက်မခံသင့်ကို ဆုံးဖြတ်ဖြစ်တယ်။ ညီမက ကာရိုက်တာကိုရွေးပြီးတော့မရိုက်ဖြစ်ပေမယ့် ဇာတ် လမ်းကိုတော့ နည်းနည်းရွေးတယ်။ ဇာတ်လမ်းဇာတ်အိမ်ပေါ် မူတည်ပြီးတော့မှ ညီမအဲဒီဇာတ်ကားကို လက်ခံရိုက်ကူးတယ်။
မေး - တက်သစ်စမင်းသမီးတစ်ယောက်အနေနှဲ့နထပ ပုံစံမျိုး ရိုက်ကူးရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။
ဖြေ - ညီမရဲ့ပုံစံကှနထပပုံစံနဲ့မလိုက်ဖက်ပါဘူး။ အခုချိန်မှာ ညီမ ကှိုနထပ ဆန်ဆန်ဇာတ်ကားမျိုး လာကမ်းလှမ်းလာမယ်ဆိုရင် လဲ ညီမရိုက်မှာမဟုတ်ပါဘူး။ ညီမက တက်သစ်စမင်းသမီးတစ် ယောက်ဖြစ်တဲ့အတွက် တကယ်လို့သာ ညီမကှနထပပုံစံဇာတ် ကားမျိုးရိုက်မယ်ဆိုရင် သေချာတာက ပရိသတ်တွေဘက်က ငြိုငြင်သွားမှာပါ။ ညီမကတော့ ပရိသတ်ငြိုငြင်တာကိုမခံနိုင် တဲ့အတွကှ်နထပ ပုံစံဇာတ်ကားမျိုးမရိုက်ပါဘူး။

Democracytoday

No comments:

Post a Comment