ကိုယ်လုံးတီးချွတ် စစ်ဆေးနေစဉ်
Byဇေနွေထွန်း
ရွှေပြည်သာမြို့နယ်နေလူငယ်တစ်ဦးကိုအ၀တ်အစား များချွတ်ကာ ကိုယ်လုံးတီးဖြင့် ရဲ တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ကစစ်ဆေးခြင်းနှင့် ပတ် သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာ ၂၉ ရက် တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာ မျက်နှာများတွင် ရွှေပြည်သာမြို့ နယ်၊ ဇီးကုန်းတွင် လူငယ်ချင်းရန် ဖြစ်သော အမှုကို နယ်ထိန်း အောင်မြင့်စိုး၊ ရာအိမ်မှူး သန်း ထိုက်အောင်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဌေးမြင့်တို့က လူငယ် တစ်ဦးကို အ၀တ်အစားများ အတင်းချွတ်ခိုင်းပြီး စစ်ဆေးနေ သည်ဟူသည့်ဓာတ်ပုံများ ပျံ့နှံ့ခဲ့ သည်။
‘‘စစ်တော့ စစ်နေပါပြီ။ ကောင်လေးက အသက် (၁၇) နှစ် ပဲရှိပါသေးတယ်။ အသေးစိတ် တော့ ပြောပိုင်ခွင့်မရှိပါဘူး’’ဟု ရွှေပြည်သာမြို့မရဲစခန်းမှ တာ ၀န်ကျရဲတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်မှ ရဲတပ်ကြပ် ကြီး အောင်မြင့်စိုး၏ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စည်းကာ စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေအရ ဆက်လက် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရဲဇာနည်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ဖော်ပြထားသည်။
‘‘လူပျိုပေါက်အရွယ်ဆို တော့ ရှက်မှာပေါ့။ သူ့ရဲ့ ဂုဏ်သိ က္ခာ၊ မွေးရာပါအခွင့်အရေးကို ချိုးဖောက်တာမို့ မလုပ်သင့်ဘူး။ အကယ်၍ တကယ်ချွတ်ဖို့ စစ် ဆေးမှုလိုရင် သီးသန့်ခန်းမှာ စစ် ရမယ်။ အများရှေ့မှာ ကိုယ်လုံး တီးမစစ်သင့်ဘူး’’ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အ တွင်းရေးမှူး ဦးစစ်မြိုင်ကမှတ် ချက်ပေးသည်။
စစ်ဆေးခံရသော လူငယ် မှာ ရန်ပွဲထဲတွင်လည်း မပါဝင် ကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်နေသူတွေကို ထိထိ ရောက်ရောက် အရေးယူရန် တောင်းဆိုကြောင်း လူမှုကွန်ရက် တွင် ရေးသားခဲ့ကြသည်။
7Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 2, 2014
လူငယ်တစ်ဦးကို ကိုယ်လုံးတီးချွတ်၍ အမှုစစ်သည့်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမည်
လူငယ်တစ်ဦးကို ကိုယ်လုံးတီးချွတ်၍ အမှုစစ်သည့်ကိစ္စ ခုံရုံးဖွဲ့စစ်ဆေးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment