Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 24, 2014

အားကစားသတင်းတို( နိုဝင်ဘာ ၂၄ရက်)




မန်ယူအသင်း အရန်ခုံဘက်သို့ ၀ိုင်ပုလင်းဟု ယူဆရသည့်အရာဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသား ပရိသတ်တစ်ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အာဆင်နယ်အသင်းက အတည်ပြုသည်။ ကီရန်ဂစ်ဘ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပြီးနောက် အာဆင်နယ် ပရိသတ်က မန်ယူအသင်း အရန်ခုံသို့ အရာဝတ္တုဖြင့် ပစ်ပေါက်ခဲ့ပြီး မန်ယူအသင်း အဖွဲ့ဝင်များကို ထိမှန်ခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။

ပါဒါဘွန်နှင့် ကစားခဲ့သည့်ပွဲတွင် ခြေကျင်းဝတ် အရွတ်စုတ်ပြဲခဲ့သည့် ဒေါ့မွန် ကစားသမား မာကိုရူးစ်မှာ လာမည့်ဇန်န၀ါရီလအထိ အနားယူရတော့မည်ဖြစ်သည်။

အဘူဒါဘီ ဂရင်းပရီပြိုင်ပွဲ ဗိုလ်စွဲခဲ့သည့် ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်သည် ရမှတ် ၃၈၄မှတ်ဖြင့် ၂၀၁၄ခုနှစ် ဖော်မြူလာဝမ်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရသည်။

ဆီဗီလာကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည့် မက်ဆီမှာ လာလီဂါ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့သည်။ မက်ဆီသည် လာလီဂါဂိုး ၂၅၃ဂိုး သွင်းယူနိုင်ခဲ့သည်။

လီဗာပူးနည်းပြ ရော့ဂျာက ရာထူးမှထုတ်ပယ်ခံရနိုင်ဖွယ် ရှိကြောင်း ဖွင့်ဟသွားသည်။ လီဗာပူးသည် ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၂နှစ်အတွင်း အဆိုးရွားဆုံး ရာသီစတင်မှုနှင့် ကြုံတွေ့နေသည်။

ဒီယေဂိုကော်စတာနှင့် ဖာဘရီဂတ်စ်တို့မှာ နိုင်ငံအတွက် ပေးဆပ်လိုစိတ် ကင်းမဲ့သည်ဟု ဝေဖန်ခဲ့သည့် ရီးရဲလ်နောက်ခံလူ ရာမို့စ်မှာ ဆေးပညာအကြောင်း နားမလည်ဟု မော်ရင်ဟိုက တုံ့ပြန်ထားသည်။ ကော်စတာနှင့် ဖာဘရီဂတ်စ်တို့မှာ ဒဏ်ရာပြဿ နာ အကြောင်းပြပြီး စပိန်အသင်းမှ နုတ်ထွက်ခဲ့သော်လည်း ၀က်စ်ဘရွန်းနှင့်ပွဲတွင် ချဲလ်ဆီးအတွက် ပါဝင်ကစားပေးခဲ့ကြသည်။

ဘွန်ဒက်စ်လီဂါအဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘောက ဖီဖာဥက္ကဋ္ဌ ဘလတ္တာထံ ဖုန်းဆက်ပြီး ရာထူးမှ နုတ်ထွက်တော့ဟု ပြောခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ်က အိုလံပစ် ရွေတံဆိပ်ဆု ရခဲ့သည့် တရုတ်ရေကူးသမား ဆန်ယန်းမှာ ဆေးကျခဲ့ခြင်းကြောင့် (၃)လ ပွဲပယ်ခံခဲ့ရသည်။

Nz(ရိုးရာလေး)
www.yoyarlay.com

 

No comments:

Post a Comment