Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 24, 2014

တပ်မတော် အတွင်းမှ အရွယ် မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည်နှုတ်ထွက် ခွင့်ပြု






တပ်မတော် အတွင်းမှ အရွယ် မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည်နှုတ်ထွက် ခွင့်ပြုပြီး မိဘ (သို့) အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အမှတ် (၁) စစ်ကြောရေး နှင့် တည်းခိုရေး စခန်း ရန်ကုန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ကိုယ်စားလှယ်များ ၊ UNICEF, UNHCR, ILO, Save the Children, World Vision, World Food Programme, UNDP တို့မှ ကိုယ်စားလှယ်များ၊ အစိုးရအရာ ရှိကြီးများ၊ အုပ်ထိန်းသူ မိဘများ နှင့် နုတ်ထွက်ခွင့် ပြုသည့် ကလေးစစ်သား ၈၀ ဦး တို့ တက်ရောက်ကြပါတယ်။

ထို့နောက် တပ်မတော် မှနှုတ်ထွက်ခွင့် ပြုသည့် လက်မှတ်၊ ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံရေး စိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ပါတယ်။ ယခု ကျင်းပသော လွှဲပြောင်း ပေးအပ်ပွဲ မှာ အဌမ အကြိမ်ဖြစ်ပြီး ၊ ပထမအကြိမ် အဖြစ် ကလေးစစ်သား ၄၂ ဦးအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ အကြီမ်အဖြစ် ၂၄ ဦးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း ၊ တတိယ အကြိမ်အဖြစ် ၄၂ ဦးအား ၂၀၁၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ တွင်လည်းကောင်း ၊ စတုတ္ထအကြိမ်အဖြစ် ၆၈ ဦးအား ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၉၆ ဦးအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ တွင်လည်းကောင်း၊ ဆဌမအကြိမ်အဖြစ် ၉၁ ဦးအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် လည်းကောင်း၊ သတ္တမ အကြိမ်အဖြစ် ၁၀၉ ဦးအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment