Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 5, 2014

အံ့ဖြိုးပိုင်အား သေဆုံးသူ မော်ဒယ် အေးချမ်းမြတ်မိုး၏ မိခင်ဖြစ်သူမှ သံတုတ်ဖြင့် ရိုက်ခြင်းမှာ မဟုတ်ဟု ငြင်းဆို

တရားခံအဖြစ် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်အား သေဆုံးသူ မော်ဒယ် အေးချမ်းမြတ်မိုး၏ မိခင်ဖြစ်သူမှ သံတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟုဆိုသော စွပ်စွဲခံထားရသူဘက်မှ ရှေ့နေ အကျိုးဆောင်၏ ပြောစကားမှာ မဟုတ်မှန်ကြောင်း သေဆုံးသူ ဖခင် ဦးဝဏ္ဏက ပြောကြားသည်။

“ပထမဆုံး ရုံးချိန်းထွက်လာတဲ့ အချိန်လည်းဖြစ်တယ်။ ကျွန်တော့် အမျိုးသမီးက သူ့သမီးကို သတ်တဲ့သူကိုတွေ့တော့ ဒေါသနဲ့ ပြေးရိုက်တယ်။ ၀ိုင်းဆွဲထားတဲ့ အတွက်ကြောင့်မို့ မထိဘူး။ သူ့ကို လွယ်လွယ်ကူကူ ၀င်ရိုက်ရအောင် ဘေးမှာ ရဲအရာရှိ တစ်ယောက်၊ တပ်ကြပ်ကြီး တစ်ယောက် ပါတယ်လေ။ သူ့တစ်မျိုးလုံး မိဘဆွေမျိုး သားချင်းတွေလည်း ပါတယ်လေ။ ကျွန်တော်တို့ သံတုတ်နဲ့ ရိုက်တယ်ဆိုရင် ရုံးတော်က ရဲတွေက ဘာလို့ အရေးမယူသေးတာလဲ။ သံတုတ်ကို မသိမ်းဆည်းဘူးလား”ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏမှ ရှင်းပြသည်။

စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်၏ ဒုတိယမြောက်ရုံးချိန်း အပြန်တွင် အချုပ်ကားဖြင့် ခေါ်သွားခြင်း မရှိဘဲ တက္ကစီဖြင့် ခေါ်ဆောင်သွားမှုသည် သေဆုံးသူ၏ မိခင်ဖြစ်သူက သံတုတ်နဲ့ ရိုက်မိခြင်းကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိကာ ဆေးရုံသို့ သွားပြခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးစာတွေလည်း ရှိကြောင်းကို အံ့ဖြိုးပိုင်၏ ရှေ့နေဖြစ်သူ အထက်တန်း ရှေ့နေ ဦးစိန်မြင့်က ပြည်တွင်းမီဒီယာ တစ်ခု၏ မေးမြန်းချက် အပေါ် ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

“ရိုက်မယ့်ရိုက်တော့ ကျွန်တော့် အမျိုးသမီးကို ရိုက်ခိုင်းတော့ မလား။ ကျွန်တော် ကိုယ်တိုင် ရိုက်မှာပေါ့။ တကယ်မထိပါဘူး။ ဒီလို ရိုက်လိုက်လို့ ထိသွားပါတယ်ဆိုပြီး အခွင့်အရေးယူတာပါ။ သူဘာမှမဖြစ်လို့ ဆေးရုံမတက်ရတာပေါ့။ တကယ် သံတုတ်နဲ့ ရိုက်တယ်ဆိုရင် ဒီလိုနေပါ့မလား။ အမှုသက်သာချင်လို့ ပြောတာလား”ဟု ဦးဝဏ္ဏက ဆက်လက် ရှင်းပြသည်။

ခရိုင်တရားရုံးတွင် အမှုမစစ်ဆေးခင် ထွက်ဆိုခဲ့သည့် မြို့နယ် တရားရုံး၌ ကြိုတင်ထွက်ဆိုခဲ့သည့် အမှုတွဲ မပါရှိခဲ့၍ တရားလိုပြ သက်သေများကို အနောက်ပိုင်း ခရိုင် တရားရုံးမှ နိုဝင်ဘာလ ၁၂ ရက် နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

-ဇေယျာ

tomorrow

No comments:

Post a Comment