Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 5, 2014

မတ္တာမြို့နယ်တွင် အမျိုးသမီးငယ် ၂ ဦး အဓမ္မပြုကျင့်ခံရ

တနင်္သာရီတိုင်း ရေဖြူမြို့၊ မေတ္တာမြို့နယ်နေ အမျိုးသမီးငယ် ၂ ဦးကို စစ်မှုထမ်းဟောင်းတဦးနဲ့ အရပ်သား တဦးက အဓမ္မပြုကျင့် ခဲ့တယ်လို့ ကရင်ဘာသာနဲ့ ရေးသားတဲ့ ကွယ်ကလူ သတင်းမှာ ဖော်ပြထားပါတယ်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ် ၂ ဦးဟာ အသက် ၁၂ နဲ့ ၁၃ နှစ်သာရှိပြီး အောက်တို ဘာလ ၃၁ ရက်နေ့က သူတို့ဟာ မေတ္တာမြို့နယ် ရွှေ့ပြောင်း အိုင်ဒီပီစခန်းကနေ သူတိုရဲ့မူလနေ ထိုင်ခဲ့တဲ့ ကလယ်ကီရွာကို အပြန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာ ကျူးလွန်သူကို မေတ္တာမြို့နယ်ခွဲ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ကွယ်ကလူ သတင်းမှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69837

No comments:

Post a Comment