အာလူးဖျော်ရည်နဲ့ ပတ် သက်လို့ သုတေသီအချို့က အစာ
အိမ်ရောင်ရမ်းနာအတွက် သဘာ ဝဆေးဝါးတစ်ခုလို့ ဆိုထားကြပါ တယ်။
အစာအိမ်နဲ့အူလမ်း ကြောင်းထဲ အနာရောဂါမဖြစ်ပွား ဖို့အတွက် အာလူးဖျော်ရည်လက်
ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေ အနည်းငယ်နဲ့ရောစပ်ပြီး မနက် စာ၊ နေ့လယ်စာနဲ့
ညစာမစားခင် နာရီဝက်လောက် အလိုမှာ သောက်ပေးသင့်တယ်လို့သိရပါ တယ်။
အာလူးဖျော်ရည်ဟာ ကင် ဆာဆဲလ်တွေကိုဖြည်းဖြည်းချင်း
တိုက်ထုတ်နိုင်တဲ့စွမ်းအင်ရှိပြီး အဆုတ်ရောဂါတွေနဲ့အသက်ရှူ
လမ်းကြောင်းဆိုင်ရာရောဂါတွေ မဖြစ်ပွားအောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
ဒါ့အပြင်အသည်း၊ကျောက်ကပ်နဲ့နှလုံးရောဂါတွေ၊ သွေးတိုး၊ ဆီးချို၊ ခါးကိုက်၊
ခါး အောင့်၊ ဒူလာစတဲ့ရောဂါတွေကို လည်း သက်သာပျောက်ကင်းစေ နိုင်ပါတယ်။
အာလူးဖျော်ရည်ဟာ ကိုယ် ခံစွမ်းအားကောင်းဖို့အတွက် လည်း အကောင်းဆုံးထောက်ကူ
ပေးနိုင်ပြီး ခေါင်းကိုက်တာတွေနဲ့ အမျိုးသမီးတွေဓမ္မတာလာစဉ်ခံ
စားရတဲ့နာကျင်ကိုက်ခဲမှုတွေကို ပါသက်သာစေနိုင်ပါတယ်။ နောက်ပြီး
အားအင်ချည့်နဲ့ပြီး မော ပန်းတယ်ဆိုရင်လည်း အာလူး အရွယ်တော်တစ်လုံး၊
မုန်လာဥနီ နဲ့ ပန်းသီးတစ်လုံးတို့ကို ကြိတ်ခြေ ထားတဲ့ဖျော်ရည်ကို မနက်တစ်
ကြိမ်၊ ညတစ်ကြိမ် သီတင်းနှစ်ပတ်လောက်သောက်ပေးရင် လန်းဆန်းကျန်းမာစေတယ်လို့
သိရပါတယ်။
အာလူးဖျော်ရည်ရဲ့ကောင်း ကျိုးတွေကိုထပ်ဖြည့်ရရင်တော့
ကိုယ်တွင်းအဆိပ်အတောက်တွေ ကိုဖယ်ရှားပေးနိုင်သလို အရေ
ပြားဆိုင်ရာရောဂါတွေကိုကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် သွေး
တွင်းသကြားဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။
တစ်ခုသိထားရမှာကတော့ အာလူးကိုချက်ပြုတ်လိုက်ရင် ဗီတာမင်စီဆုံးရှုံးသွားလို့
အစိမ်း လိုက်ဖျော်ဖို့တော့ မမေ့သင့်ပါ ဘူး။ အရွယ်တော်အာလူးစိမ်းတစ် လုံးမှာ
ဗီတာမင်စီ ၂၇ မီလီဂရမ် လောက်ပါတာကြောင့် နေ့စဉ် စားပေးဖို့အတွက်
လုံလောက်တဲ့ ပမာဏပဲဖြစ်ပါတယ်။
ဒါတင်မက အာလူးဖျော် ရည်နဲ့ အရေပြားကိုသန့်စင်ပေး မယ်ဆိုရင်တော့ အသားအရေ
ကြည်လင်စေပြီး ဝက်ခြံနဲ့ ဆား ဝက်ခြံတွေလည်း ကင်းစင်စေပါ တယ်။
အာလူးဖျော်ရည်မဟုတ် လည်း အကွင်းလိုက်ခပ်ပါးပါလှီး ထားတဲ့အာလူးနဲ့
အရေပြားပေါ် မှာညင်သာစွာပွတ်ပြီးတော့ သန့် စင်အောင်လုပ်နိုင်ပါတယ်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 7, 2014
အာလူးဖျော်ရည် ဘာကြောင့်သောက်သင့်တာလဲ
အာလူးဖျော်ရည် ဘာကြောင့်သောက်သင့်တာလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment