Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 1, 2014

တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံလောင်ကျမှုကြောင့် လူ(၁၄)ဦးဒဏ်ရာရရှိပြီး (၅)ဦး စိုးရိမ်ရ



တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသော တန်ဆောင်တိုင်ပွဲတော်၏ အောက်တို
ဘာလ (၃၁)ရက်နေ့ ညအကုန် နိုဝင်ဘာလ(၁)ရက်နေ့သို့ အကူးတွင် လွှတ်တင်ခဲ့သော
"ခွန်တန်မီး"ကြောင့် အခန့်မသင့်ဘဲ မတော်တဆ
လောင်ကျ ပျက်စီးမှုကြောင့် ပွဲသို့ လာရောက်လည်ပတ် ကြည့်ရှုသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၅)ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခွန်တန် ညမီးကြီးမီးပုံးပျံအား လွှတ်တင်စဉ် ပေ(၂၀၀)ခန့် အရောက်၌ မီးပုံးပျံမှာ ကွင်းအတွင်းသို့ ပျက်ကျမီးလောင်သွားရာမှ လာရောက်ကြည့်ရှုသူများအနက် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၄)ဦးရှိရာ ရွှေညောင်အပါအ၀င် တောင်ကြီးဒေသခံ (၁၂)ဦး နှင့် ရန်ကုန်ဇာတိ(၂)ဦး ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများအနက် (၅)ဦး စိုးရိမ်ရကြောင်း သိရသည်။

(မစိုးရိမ်ရ)၊ မောင်ခွန်ဗွေစ(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်သီဟန်(တောင်ကြီး)(မစိုးရိမ်ရ)၊ ဒေါ်နွယ်နွယ်အေး (တောင်ကြီး)(မစိုးရိမ်ရ)၊ ဒေါ်လဲ့လဲ့ဝင်း (ရန်ကုန်)(မစိုးရိမ်ရ)၊ မောင်ကျော်စိုးဦး (ရန်ကုန်)(မစိုးရိမ်ရ)၊ နှင့် မောင်အောင်ပြည့်စုံအောင် (တောင်ကြီး)(မစိုးရိမ်ရ)တို့ ဖြစ်ကြောင်း တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ ထို့အတူ မတော်တဆ မီးပုံးပျံမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူများတွင် အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၅)ဦးပါဝင်ကြောင်း သိရသည်။



ယခု ၂၀၁၄ခုနှစ်တွင် ကျင်းပပြုလုပ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (UNESCO)မှ အသိအမှတ်ပြုသည့် နိုင်ငံတကာပွဲတော်အဖြစ် စာရင်းတင်သွင်းနိုင်ရန်အတွက် လျာထားကြောင်းလည်း သိရှိရသည်။

သတင်း ။ ကိုဇောင်း
Tachileik Online News

No comments:

Post a Comment