Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 21, 2014

မြန်မာတွေ မော်တော်ယာဉ် ထုတ်နိုင်တော့မယ်ဟုဆို

မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ ဥပဒေပြဌာန်းပြီးရင် နိုင်ငံခြားလုပ်ငန်းရှင်တွေ
ပြည်တွင်းမှာ မော်တော်ယာဉ် ထုတ်နိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ
အသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဖေက ဆိုပါတယ်။

“ဒီမှာ ကိုယ်တိုင် ကားထုတ်ချင်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ကို ကာကွယ်ပေးမယ့် ဥပဒေ မရှိလို့ လာမထုတ်သေးတာပါ” လို့ သူက ပြောပါတယ်။

မော်တော်ယာဉ်ဆိုင်ရာ ဥပဒေကြမ်းမှာ မော်တော်ယာဉ် ထုတ်လုပ်တာနဲ့ ပတ်သက်တဲ့ အချက်တွေ ပါပြီး ယာဉ်အိုယာဉ်ဟောင်း သက်တမ်းကိုလည်း နှစ် ၂၀ အစား ၁၅ နှစ် ပြောင်းလဲ သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဆီကနေ သိရပါတယ်။

မော်တော်ယာဉ် တင်သွင်းရာမှာလည်း ဘယ်မောင်း မော်တော်ယာဉ်တွေပဲ တင်သွင်းရမယ်လို့ ဥပဒေကြမ်းမှာ သတ်မှတ်ထားပါတယ်။

လတ်တလောမှာ မလေးရှားနိုင်ငံက Proton မော်တော်ယာဉ် ကုမ္ပဏီကလည်း ပြည်တွင်းမှာ မော်တော်ယာဉ်လာ ထုတ်နိုင်ဖို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဆီကနေ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment