Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

မိမိကိုယ်ကို ပြန်ကြောက် နေမိကြောင်း အွန်လိုင်းတွင် နာမည်ကြီးနေသည့် သက်တံသစ် ရုပ်ရှင်မိတ်ဆက်ပွဲတွင် ဖွေးဖွေး ဖွင့်ဟ

ရန်ကုန်၊ နိုဝင်ဘာ ၁၆။ ၀ိဥာဉ်ပူးဝင်ခြင်း ခံရသည့် ဖြစ်ရပ်မှန် ဇာတ်ကားဟု အွန်လိုင်း စာမျက်နှာ ထက်တွင် ခေတ်စားလျက် ရှိသည့် အတွက် ပရိသတ် များ၏ စိတ်ဝင်စားခြင်း ခံရသည့် “သက်တံသစ်” ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင် ရာတွင် အခက်အခဲများ အပြင် အသက်အန္တ ရာယ်နှင့် လည်း ရင်ဆိုင် ခဲ့ရသည်ဟု ဖွေးဖွေးက ပြောသည်။ ယင်းကဲ့သို့ တွေ့ကြုံ ရခြင်းကြောင့် ၀ိဥာဉ်ဇာတ်ကား ရိုက်ကူးမှု များကို နောက် ထပ် လက်ခံရိုက်ကူး တော့မည်မဟုတ်ဟု ဖွေးဖွေးက ပွင့်လင်းစွာ ပြောခဲ့သည့် အပြင် ဇာတ်ကားအတွင်းမှ မိမိ၏ ဇာတ်ရုပ်ကိုပင် ပြန်ကြောက် နေမိကြောင်း ဆိုခဲ့သည်။

Phway

“အနုပညာရှင် တစ်ယောက် အနေနဲ့ ပြောရမယ် ဆိုရင်တော့ သရဲရုပ်ပီပြင်လို့ ကျေနပ်ပါတယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အရမ်း ကြောက်မိ ပါတယ်။ ဒီဇာတ်ကားက အဖြစ်မှန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ကယ် ဖြစ်ပျက် တဲ့ နေရာမှာသွားရိုက်တာလေ။ ဒီကားကို ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရ တာပါ။ တော်ရုံတန်ရုံဆို ဖွေးက အရမ်း အကြမ်းခံတယ်။ ဒါပေမယ့် ရိုက်ဖူးသမျှ ကားတွေထဲမှာ ဒီကားက အပင်ပန်း ဆုံးဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုဝိုင်းက ပြောတယ်။ တစ်ကယ် သရဲ ၀င်ပူးတဲ့ အခန်းတွေ မှာ ဆိုရင် ကင်မရာနဲ့ ပတ်သက်ပြီး ပညာပိုင်း ဘာမှ မသုံးချင်ဘူးတဲ့။ သွေးကြောတွေကို ကွန်ပြူတာနဲ့ မလုပ်ချင်ဘူး။ နင်ငါ့ကို ရအောင် လုပ်ပေးဆိုပြီး ပြောတယ်”ဟု ဖွေးဖွေးက ဆိုသည်။

ထို့အပြင် ၎င်းက ဆက်လက်၍ “အဲဒါနဲ့ ဖွေးက စဉ်းစားတယ်။ ကိုဝိုင်းနဲ့တိုင်ပင်တယ်။ လူတစ်ယောက်က အောက်ဆီဂျင် ပြတ်ရင် မျက်ထောင့်တွေ နီလာ တယ်လေ။ လည်ပင်း အညစ်ခံရတဲ့ သူဆိုရင် အောက်ဆီဂျင် ပြတ်ပြီးတော့ လည်ပင်းကြောတွေ ထောင်လာတယ်။ အဲဒီတုန်းက ဖွေးအသက် အောင့်ပြီးတော့ သွေးကြောတွေ ညစ်ထုတ် ပြီးတော့ လုပ်ခဲ့တယ်။ သတိသုံးခါ လစ်တယ်။ သရဲဝင်ပူးတာက ဖွေး ကိုတော့ ၀င်မပူး ခဲ့ဘူး။ ၀င်ပူးပါစေလို့တောင် ဆုတောင်း ခဲ့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မပင်ပန်း တော့ဘူးလေ။ သရဲက အိုက်တင် လုပ်သွား မှာပေါ့နော်။ စက်အဖွဲ့ လူတချို့ကို ၀င်ပူးခဲ့တာတော့ ရှိတယ်။ ဖွေးက သရဲ ကြောက်တတ်တယ်။ ဒီကားက ကိုယ့်ဆရာ ခေါ်တဲ့ကား ဆိုတော့လေ သေသေကြေကြေ ဆိုပြီး ရိုက်လိုက်တာ။ တော်ရုံတန်ရုံ သရဲကားမှ မရိုက်တာ။ ကြောက် လည်း ကြောက် တယ်။ တစ်ကယ် လည်း ရှိပါတယ်လို့ သတင်းထွက် နေတဲ့ နေရာမှာ သွားရိုက်တာ ဆိုတော့ လန့်လန့်နဲ့ ရိုက်ရတာပါ။ ဒီကားရိုက်ပြီးလို့ ရှုတင်နားတဲ့ အခါကြ ရင် အိပ်လို့ မပျော်ဘူး။ မြန်မြန် ပြီးပါစေလို့ ဆုတောင်းတယ်။ ဒါပေမဲ့ ပရိသတ် အတွက်တော့ အားလုံးကောင်းအောင် ကြိုးစား ခဲ့ပါတယ်။ ကိုယ့်ကားကိုယ် ပြန်ကြည့်ရတာ အခုထိ ကြောက်နေ တုန်းဘဲ” ဟု ၄င်းက ပြောသည်။

ယင်းဇာတ်ကားတွင် ဇာတ်ဝင်ခန်း အရ ၀ိဥာဉ်ပူးကပ်ခံရသည့် ဇာတ်ရုပ်ကို ရိုက်ကူးရာ၌ ၎င်း၏ နားထင်သွေးကြော ထုံးလာသည့် အခန်းတွင် အသက်အောင့်ကာ သရုပ်ဆောင်ခဲ့ ခြင်းကြောင့် ရိုက်ကူးရေးတွင် သတိသုံးခါ လစ်ခဲ့သည်ဟု ဖွေးဖွေးက ပြောသည်။

“ကြောက်လို့ပါ။ ဒီလိုသရဲကား ရိုက်ကူးတာလည်း ဒါက ပထမဆုံးနဲ့ နောက်ဆုံး ရိုက်ခြင်း ပါဘဲ။ ကိုယ့်ဆရာ ရိုက်ခိုင်းလို့ ရိုက်တာ။ ရိုက်ကွင်းပေါ် ရောက်ပြီ ဆိုရင် ကိုယ့်တာဝန် ကျေရတော့ မယ်လေ။ အလုပ်မှာ တစ်ခါမှ သတိမလစ်ဖူး ဘူးလေ။ သတိလစ် သွားတယ် ဆိုတော့ သရဲများ ၀င်ပူးချင်တာလား ဆိုပြီးတော့ နည်းနည်းတော့ လန့်တာ ပေါ့နော်” ဟု ဖွေးဖွေးက ထပ်မံပြောသည်။ ၎င်းသည် ရုပ်ရှင် ဇာတ်ကား များကို တစ်နှစ်တစ်ကား ပုံမှန်ရိုက်ကူး သွားမည် ဖြစ်သော်လည်း ဗီဒီယိုဇာတ်ကား ရိုက်ကူးမှု များကို ခေတ္တရပ်နား ထားသည်ဟု ပြောသည်။

mizzima

No comments:

Post a Comment