Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 3, 2014

သင့်ကိုယ်ခန္ဓာအတွင်းမှာအညစ်အကြေးတွေဘယ်လောက်တောင်စုပုံနေပြီလဲ။

သွေးအတွင်းမှအညစ်အကြေးတွေကိုလည်း သန့်စင်ပေးဖို့ မိမိကိုယ်တိုင်စွမ်းဆောင်နိုင်ပါတယ်။ ဒါကတော့ Detox Water ပြုလုပ်ပြီးသောက်လိုက်ရုံပါပဲ။ ရနိုင်တဲ့အကျိုးတွေကလည်းအများကြီးပါ။

Detox Water လုပ်ဖို့ဘာတွေလိုအပ်သနည်း။

 - ရေသန့် ၂လီတာ လိုပါတယ်။ 
- သံပရိုသီး ( သို့ ) သံပရာသီး ၁လုံး ( သို့ ) Apple Cider Vinegar ဟင်းခပ်ဇွန်း ၁-၂ခွန်း ( မိမိ လိုအပ်သလောက်အနည်းအများချိန်နိုင်သည်။ အရမ်းချဉ်အောင်တော့မထည့်သင့်ပါဘူး။ 
- ပူစီနံရွက် ၁၀ရွက် မှ ၁၅ရွက်
- သခွားသီး အလတ် ၁လုံး ( သို့ ) ဖရဲသီး အနည်းငယ် 
- လိမ္မော်သီး အနည်းငယ် - ရေ ၂လီတာဆံ ဖန်ခွက်ကြီးတစ်လုံး အထက်ပါ လိုအပ်တာအားလုံးတို့အား ဖန်ခွက်အတွင်းပေါင်းထည့်ပါ။ ကြိတ်ဖို့မလိုပါဘူး။ ထို့နောက် ရေခဲသေတ္တာထဲတွင်ထည့်ပြီးနောက်နေ့မနက်မှစတင်ကာ ၁ရက်လုံးသောက်သုံးနိုင်ပါပြီ။ ၂၄နာရီထက်ကျော်ပြီးတော့မသောက်သုံးသင့်ပါ။ ထိုသို့နေ့စဉ်ဆက်တိုက်သောက်သုံးနိုင်သလို ၁ပါတ်အတွင်း၂ရက်၃ရက်အဆင်ပြေသလိုသောက်သုံးနိုင်ပါတယ်။ ၁လလောက်သောက်သုံးပြီးသွားရင်တော့ အနည်းငယ်ထူးခြားလာပါလိမ့်မယ်။ ရလာဒ်တွေအနေနဲ့ကတော့ -သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။ -ကျောက်ကပ်နှင့် အသည်း အတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။ - မလိုတဲ့အဆီတွေကိုလည်း ကျစေပါတယ်။ - ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားလည်းတက်လာပါမယ်။ - အသားအရေ ဟာလည်း ၀င်းပလှပလာပါလိမ့်မယ်။ - နေ့တိုင်းလည်း ရေကို ပိုသောက်ဖြစ်စေတာပေါ့။ သင်လည်းစမ်းသောက်ကြည့်လိုက်ပါအုံး။ ရေကတော့ ၁လီတာပဲ သောက်မယ်ဆိုရင် လိုအပ်တာတွေကိုလည်း လျှော့ထည့်ဖို့မမေ့နဲ့အုံး။

# Happy Mom Pregnancy Pillow

No comments:

Post a Comment