Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

တရုတ်မှ ချေးငွေယူရန် သမ၀န်ကြီးကြိုးပမ်းနေပြန်

သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
တရုတ်နိုင်ငံမှ ချေးငွေ ထပ်မံရယူ၍ တောင်သူလယ်သမားများအား ချေးငွေထပ်ပေးမည် ဆိုသည့် သမ၀ါယမ ၀န်ကြီး၏ အစီအစဉ်သည် လွှတ်တော်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားလိုက်သည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံမှ ချေးငွေအမေရိကန် ဒေါ်လာ သန်း ၃၀၀ ဖြင့် တောင်သူလယ်သမားများအား ချေးငွေ ငါးသိန်းအထိ တိုးမြှင့်ပေးနိုင်ရန် စီစဉ်နေသည်ဟု သမ၀ါယမ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
‘‘သမပိုင်ချေးငွေတော့ မရှိ တော့ပါဘူး။ တရုတ်နိုင်ငံက သန်း ၃၀၀ ချေးဖို့ တရုတ်နိုင်ငံကလည်း သဘောတူထားပြီးပါပြီ။ လွှတ် တော်က အတည်ပြုတာနဲ့ ဆောင် ရွက်ပေးမှာပါ’’ဟု ဦးကျော်ဆန်း က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပြောကြားခြင်းသည်လွှတ်တော်နှင့် လယ်သမားများကို ထိပ်တိုက်ရင်ဆိုင်ပေးသည့်ပုံစံဖြစ်ပြီး လွှတ်တော်က ခွင့်မပြုပါက ချေးငွေရမည်ဟု မျှော်လင့်ထားသော လယ်သမားများက လွှတ်တော်ကိုသာ အပြစ်မြင်မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်ပင် ကိုရီးယားနိုင်ငံထုတ် လယ်ယာ သုံးစက်ကိရိယာများ အကြွေး စနစ်ဖြင့် ၀ယ်ယူခြင်းကို လွှတ် တော်၏ အတည်ပြုမှုမရဘဲ ကြို တင်ဝယ်ယူရောင်းချထားသည့် အတွက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်ကို တောင်းပန်ခဲ့ရသည်။
‘‘ကျွန်တော်တို့က ဒါကို လယ်သမားတွေအတွက် မရစေချင်လို့ ပြောတာ မဟုတ်ဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ ကန့်ကွက် တာ။ အားလုံး စက်တွေရောက်နေ ပြီးမှ လွှတ်တော်က အတည်ပြု ချက်တောင်းတယ်။ စည်းကမ်းနဲ့ အညီမဟုတ်လို့ ခွင့်မပြုရင် လယ်သမားတွေက လွှတ်တော်ကို အ ပြစ်မြင်မယ်’’ဟု သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဦးက ပြောသည်။
ထို့ပြင် သမ၀ါယမ၀န်ကြီး ဌာနက တောင်သူများကို ချေး သောချေးငွေသည် သမအသင်း ၀င်များကိုသာ ချေးခြင်းဖြစ်သည့် အတွက် အားလုံးနှင့် အကျုံးမ၀င် ဘဲ လယ်/ဆည်ဝန်ကြီးဌာနက လုပ်ရမည့် အလုပ်များကို သမ၀ါ ယမ၀န်ကြီးဌာနက လုပ်နေခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောကြားထားသည်။
သမ၀ါယမ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတော်နှင့် လွှတ် တော်ကို ကြားခံအဖြစ် အသုံးမပြု ဘဲ ချေးငွေပေးမည့် နိုင်ငံများနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက် ရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က ဆိုသည်။
လက်ရှိတွင် သမ၀ါယမ လက်အောက်ရှိ လယ်သမားများ ကို တစ်အိမ်ထောင်စုလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ချေးပေးနေခြင်း ဖြစ်သည်။
‘‘ငါးသိန်းအထိ တိုးမြှင့်ပေး မယ်ဆိုတာတော့ ကောင်းပါတယ်။ဒါပေမဲ့ နှစ်ရှည်ချေးငွေဖြစ်ဖို့ရယ်၊  အတိုးနှုန်းတော့ များနေသေး တယ်။ ပြီးတော့ နည်းပညာပံ့ပိုး မှုတွေပါ ဒါတွေလုပ်ပေးဖို့လို တယ်’’ဟု မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက် တာစိုးထွန်းက ဆိုသည်။
သမ၀ါယမ ၀န်ကြီးဌာန အနေဖြင့် ယခုအချိန်ထိ ကျေးရွာ ပေါင်း နှစ်သောင်းကျော်အတွက် ချေးငွေ ကျပ် ၁၉၇ ဘီလီယံကို ထုတ်ချေးပေးထားပြီးဖြစ်၍ ဆုံး ရှုံးမှုမရှိသေးကြောင်း ပြည်ထောင် စုဝန်ကြီးက ပြောကြားထားသည်။
7Day Daily

No comments:

Post a Comment