CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 22, 2014
အိုင်အက်စ်တို့၏ အမာခံ ခံတပ်ကတုတ်ကျင်းများကို ဗြိတိန် ဂျက်လေယာဉ်များ ဗုံးကြဲ
အိုင်အက်စ်တို့ ၏ လျို့ ဝှက် ကတုတ်ကျင်း တူးမြောင်းများ ရှိသည့် ခံတပ်မြေကို အထူးညွန့်ပေါင်း လေကြောင်းထိုးစစ် ဆင်နွှဲ၍ ဗြိတိန် တော်ဝင် လေတပ်မှ ပစ် မှတ်ညွှန်စနစ် ဗုံးများ ပါရှိသည့် ဂျက်လေယာဉ် များဖြင့် ဗုံးများ ကြဲချ ဖျက်ဆီး နိုင်ခဲ့ကြောင်း စကိုင်း နယူးတွင် နိုဝင်ဘာ ၁၉ ရက်က ဖော်ပြသည်။
ကာ့ဒ်တပ်ဖွဲ့များ၏ မြေပြင် ထိုးစစ်များကို ကူညီပေးသည့် ယင်းတိုက် ခိုက်မှုကို နိုဝင်ဘာ ၁၉ရက် နံနက် အစောပိုင်းက ကီကတ် ဒေသ တောနယ်ပိုင်းတွင် ဆင်နွှဲ ခဲ့ခြင်း ဖြစ်သည်။
ထောက်လှမ်းရေး သတင်းများ အရ အိုင်အက်စ်တို့ တပ်ပုန်းများနှင့် မြေအောက် ခံကတုတ် တူးမြောင်းများကို သိရှိ ပြီးနောက် ပစ်မှတ်ညွှန် ဗုံးများ တပ်ဆင်ပါ ရှိသည့် Tornado GR4 လေယာဉ်များ စေလွှတ်၍ စစ်ဆင် ခဲ့ခြင်း ဖြစ်သည်။
ဘုံရန်သူကို အနီးကပ် တိုက်ခိုက်ကြဟု ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက နှိုးဆော် လိုက်ပြီးနောက် နိုင်ငံပေါင်း ခုနှစ်နိုင်ငံမှ လေယာဉ် များဖြင့် စစ်ဆင်ရေး တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပူးတွဲ စစ်ဆင်မှုတွင် Rafale ဂျက်လေယာဉ် များဖြင့် သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ပြင်သစ် နိုင်ငံက အတည်ပြုသည်။
ထိုပြင် နိုဝင်ဘာ ၁၈ ရက်ကလည်း အိုင်အက်စ် စခန်းများ တည်ဆောက်ရာတွင် သုံးသည့် ဒုံးကျည်များ တပ်ဆင်ထားသော ဘူဒိုဇာ တစ်စီးကိုလည်း မောင်း သူမဲ့ ဒရုန်း ယာဉ်ဖြင့် ဖျက်ဆီး ခဲ့သည်ဟု ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောသည်။
“အခု စစ်ဆင်မှုက အိုင်အက်စ် ကွန်ယက်ရဲ့ တစ်စိတ် တစ်ဒေသကို ချေမှုန်းလိုက် နိုင်ခြင်း ဖြစ်တာကြောင့် အိုင်အက်စ်တွေ အနေနဲ့ အီရတ် ပြည်သူတွေ ကို လူမဆန်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခြင်းကို အနည်းငယ်တော့ အင်အား ချည့်နဲ့သွား စေမှာပဲ ဖြစ်ပါတယ်”ဟု ဗြိတိန် ကာကွယ်ရေး ဝန်ကြီး မိုက်ကယ်ဖယ်လွန် က ပြောသည်။
Mizzima
အိုင်အက်စ်တို့၏ အမာခံ ခံတပ်ကတုတ်ကျင်းများကို ဗြိတိန် ဂျက်လေယာဉ်များ ဗုံးကြဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment