CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 18, 2014
အာဆီယံဒေသတွင်း ရေ၊ လေ၊ မြေသန့်ရှင်းရေး အကောင်းဆုံးဆု ရန်ကုန်ရရှိ
အာဆီယံနိုင်ငံများအ တွင်း ရေ၊ လေ၊ မြေသန့်ရှင်းရေး ဆိုင်ရာ အကောင်းဆုံးလုပ်ဆောင်ချက်များပေါ်မူတည်၍ မြို့ကြီးများအား ရွေးချယ်သည့် ဆုကိုရန်ကုန်မြို့က ရရှိသွားပြီး နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့တော်ဝန်အား လွှဲ ပြောင်းပေးအပ်လိုက်သည်။
တတိယအကြိမ်အဖြစ် ပေးအပ်သည့် အာဆီယံပတ် ၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးသောမြို့ကြီးများဆုကို AWG-ESCအဖွဲ့က ရွေးချယ်ပေးခြင်းဖြစ်ပြီး အောက်တိုဘာလက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဒုတိယ၀န်ကြီး ဒေါက်တာ သက်သက်ဇင်က အဆိုပါဆုကို ကိုယ်စားတက် ရောက်ရယူပေးခဲ့သည်။
ထို့ကြောင့် ဒုတိယ၀န်ကြီးက ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုတင်သွင်းမည့်မြို့များ အဖြစ် နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ မုံရွာ၊ မော်လမြိုင်မြို့နယ်တို့ကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီး အ ဆိုပါ မြို့ငါးမြို့မှ ရန်ကုန်မြို့ကို ပြန်လည်ရွေးချယ်ပြီး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိရန်ကုန်တွင် အခြား နိုင်ငံများ၏ မြို့များနှင့်နှိုင်းယှဉ်ပါ ကမော်တော်ကားနှင့်စက်မှုလုပ် ငန်းများ သိသာစွာ မြင့်တက်လာ ခြင်းမရှိ၍ လေထုသန့်ရှင်းမှု များစွာ အကောင်းအတိုင်းရှိနေပြီး အမှိုက်သိမ်းစနစ်ကိုလည်း ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့သောကြောင့် အဆိုပါဆုရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
7daydaily
အာဆီယံဒေသတွင်း ရေ၊ လေ၊ မြေသန့်ရှင်းရေး အကောင်းဆုံးဆု ရန်ကုန်ရရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 18, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 18, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment