အုပ်စုဖွဲ့ ဓါးကိုင်ဆောင်ပြီး ဓမ္မာရုံအတွင်း ၀င်ရောက် ဖျက်ဆီး ရမ်းကားသူများအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ
ရန်ကုန်၊ နိုဝင်ဘာ ၂၈
၂၈.၁၁.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၀)ရပ်ကွက်၊
ဓမ္မာရုံရှေ့တွင် လူ(၅)ဦးခန့်မှ ဓါးရှည်များ ကိုင်ဆောင်၍ ဓမ္မာရုံ၏
ဝင်ပေါက်သစ်သား တံခါးမကြီးအား ဖျက်ဆီး ၀င်ရောက်နေကြောင်း သတင်းအရ
ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ သွားရောက်ခဲ့ရာ
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေသူများ ဖြစ်သည့်
ကျော်ကြီး(ခ)ကျော်မင်းထွန်း၊ (၃၃)နှစ်၊ ၀တုတ်(ခ)မျိုးမင်းလတ်၊ (၂၇)နှစ်၊
သန်လျင်မြို့နယ် နေသူများ ဖြစ်သည့် ကျော်မြင့်၊ (၅၀)နှစ်၊ ငြိမ်းချမ်း၊
(၂၃)နှစ်နှင့် အောင်မြိုင်၊ (၃၆)နှစ်တို့(၅)ဦးအား ဓမ္မာရုံအတွင်းသို့
ဝင်ရောက်ကျူးကျော်နေသည်ကိုတွေ့ရှိ ရပြီး ၎င်းတို့(၅)ဦးကို
ငှက်ကြီးတောင်ဓါးရှည်(၄)ချောင်း၊ ဓါးမြှောင်(၂)ချောင်း တို့နှင့်အတူ
ဖမ်းဆီးရမိခဲ့ပါသည်။
ယင်းသို့ ဓမ္မာရုံအတွင်း ၀င်ရောက်ခဲ့ခြင်းမှာ ကျူးကျော် မြေရောင်း
ချသူများထံမှ မိုက်ကြေးခွဲပိုက်ဆံ တောင်းခံရန် လာရောက် နေထိုင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ဖျက်ဆီးခဲ့သဖြင့် ဓမ္မာရုံတံခါးမကြီး
တန်ဖိုး(၃၀၀၀)ကျပ်ခန့် ပျက်စီးသွားခဲ့ ပါသည်။
ထိုသို့ကျူးလွန်ခဲ့ကြသူ ကျော်ကြီး(ခ)ကျော်မင်းထွန်း၊ ၀တုတ်(ခ)မျိုးမင်းလတ်၊
ကျော်မြင့်၊ ငြိမ်းချမ်းနှင့် အောင်မြိုင်တို့(၅)ဦးအား
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်းတွင် (ပ)၅၀၉/၂၀၁၄၊
ပြစ်မှုပုဒ်မ-၄၅၂/၂၉၅-က/၄၂၇ ဖြင့်လည်းကောင်း၊ လက်နက်ဥပဒေပုဒ်မ-၁၉(င)
အမှု(၅)မှုတို့ဖြင့် လည်းကောင်း အရေးယူဆောင်ရွက် လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 28, 2014
အုပ်စုဖွဲ့ ဓါးကိုင်ဆောင်ပြီး ဓမ္မာရုံအတွင်း ၀င်ရောက် ဖျက်ဆီး ရမ်းကား
အုပ်စုဖွဲ့ ဓါးကိုင်ဆောင်ပြီး ဓမ္မာရုံအတွင်း ၀င်ရောက် ဖျက်ဆီး ရမ်းကား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 28, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 28, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment