Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 1, 2014

တီဗွီပိတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ ဓါးဖြင့်ထိုး၍သေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၁

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာနေ ဖောင်ဦးစီး တင်မင်းနိုင်(၃၇)နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ဖောင်နောက်လိုက် သန်းအေး(၄၀)နှစ်နှင့် လှမိုးတို့ (၃)ဦး ပင်လယ်ပြင်တွင် ကျားဖောင်ဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေစဉ် သန်းအေးမှ ခေါက်တီဗွီဖြင့် တီဗွီကြည့်နေသဖြင့် ဖောင်ဦးစီးဖြစ်သူ တင်မင်းနိုင်မှ အလုပ်လုပ်ရန်အတွက် တီဗွီအား အခွေထုတ်ပြီး ပိတ်လိုက်ရာ သန်းအေးမှ မကျေမနပ်ဖြစ်ပြီး အရိုးအသွား(၁၃)လက်မ၊ ဗျက်(၃)လက်မခန့်ရှိ ငါးခွဲဓါးနှင့် ထိုးသဖြင့် တင်မင်းနိုင်တွင် ၀ဲရင်ညွန့်အောက် (၃)လက်မခန့်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိပြီး သေဆုံး သွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးပေါင်းဦးစီးလုပ်ကိုင်သူ ဦးမြင့်လွင်မှ အရေးယူပေးရန် တိုင်တန်း ခဲ့ရာ သန်းအေးအား အမာနယ်မြေရဲစခန်း(ပ)၁၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment