Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 7, 2014

အင်းတော်မြို့နယ်တွင်သမီးအရင်းကိုမုဒိမ်းကျင့်မွေးလာတဲ့ ကလေးငယ်ကိုလည်ပင်းညစ်သတ်ပြီးရေထဲမျောချ

 အင်းတော်မြို့နယ်တွင်သမီးအရင်းကိုမုဒိမ်းကျင့်မွေးလာတဲ့ကလေးငယ်ကိုလည်ပင်းညစ်သတ်ပြီးရေထဲမျောချ
အင်းတော်မြို့နယ်၊ထန်းတောကျေးရွာမှာဖခင်အရင်းမှသမီးအရင်းကိုသားမယားပြုကျင့်လို့ရလာ
တဲ့ကလေးကိုလည်ပင်းနဲ့ ဗိုက်ကိုညှစ်သတ်ပြီးမဲဇာချောင်းထဲသို့ ပစ်ချခဲ့တဲ့မူခင်းတစ်ခုဖြစ်
ပွားခဲ့ပါတယ်။

ပြစ်မူကျူးလွန်သောသူ အမည်မှာမောင်မိုးခေါ်(ငမိုး) အသက်၄၂နှစ်ပါပြီး၊ အသက်၁၉နှစ်ရှိတဲ့သမီး အရင်းအားသားမယားပြုကျင့်ကာမွေးလာသောကလေးငယ်အားမွေးမွေးချင်းအခန်းထဲဝင်ပြီးသတ်ခဲ့ပါတယ်
လို့ အမူစစ်တွင်ပြောခဲ့ပါတယ်။

အဆိုပါကလေးငယ်အားစောင်နဲ့ထုတ်ပြီး မဲဇာချောင်းထဲသို့ မျောခဲ့တယ်လို့  ထွက်ဆိုထားပါတယ်။
အရက်အမူးလွန်ရာမှ သမီးအရင်းနှင့် မှောက်မှားမိပြီး ရရှိလာသော ကလေးငယ်အား ၀မ်းဗိုက်အတွင်းမှ ထွက်လာလာချင်း လည်ပင်းညစ် ရိုက်သတ်ပြီး ချောင်းရေထဲ မျှောချလိုက်သည့် မုဆိုးဖို မိသားစု၏ ရင်နင့်စဖွယ် ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့နေ့က၂၈.၁၀.၂၀၁၄ဖြစ်ပြီး အခုအင်းတော်ရဲစခန်းမှာ (ပ)၁၄၇/၂၀၁၄
ပြစ်မှုပုဒ်မ၃၀၂/၂၀၁အရအမှုဖွင့်ထားပါတယ်။ ယခုအမူကိုယခုလက်ရှိဒုရဲမှူးမျိုးညွန့်သန်းစခန်းမှူးမှ စစ်ဆေးနေကြောင်းသိရပါတယ်။

ရွှေမြန်မာမီဒီယာ

ဓါတ်ပုံ( ဟာဂျူလီ ကသာ)

No comments:

Post a Comment