ဒေါ်အောင်ဆန်းစုကြည် လူထုတွေဆုံပွဲ ပြုလုပ်မည့် ဒေသအခေါ် ကယားဒေးကွင်း (ကယားပြည်နယ်နေ့ ပြုလုပ်သည့်ကွင်း) ၌ ပြင်ဆင်နေစဉ်
ကယားပြည်နယ် လွိုင်ကော်မြို့၌ နိုဝင်ဘာ ၈ ရက် (ယနေ့) တွင် ပြုလုပ်မည့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲတွင်
ရဲတပ်ဖွဲ့ဝင်အင်အား ၁၅ဝ ခန့်ဖြင့် လုံခြုံရေးဆောင်ရွက်မည်ဖြစ်ကြောင်း
ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ထိုသို့ လုံခြုံရေးဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊
ပဋိပက္ခများမဖြစ်ပွားရေးတို့ကို အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း
ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဦးမြင့်တိုးက ပြောကြားသည်။
အဆိုပါ လူထုဟောပြောပွဲကို လွိုင်ကော်မြို့ ပြည်နယ်ဘောလုံးကွင်းနံဘေးရှိ
နှစ်စဉ်ဒေသအခေါ် ကယားဒေး (ကယားပြည်နယ်နေ့) ပြုလုပ်သည့်ကွင်း၌ နိုဝင်ဘာ ၈ ရက်
ညနေ ၄ နာရီခွဲတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လူထုဟောပြောပွဲ ကျင်းပရာတွင် အတွင်းစည်းလုံခြုံရေးအား
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါလာသည့် လုံခြုံရေးအဖွဲ့နှင့် ကယားပြည်နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး
လုံခြုံရေးအသေးစိတ် အခြေအနေကိုမူ မပြောကြားနိုင်ကြောင်းနှင့်
ဟောပြောပွဲသို့ ကယားပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့ နယ်မှ
လူအင်အားသုံးသောင်းခန့် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ကယားပြည်နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောကြားသည်။
“၁၉၈၉ နောက်ပိုင်း ၁၉၉ဝ ရွေးကောက်ပွဲပြီးတော့ NLD ကင်းစင်နယ်မြေ
ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ကြက်ဆူပင်စိုက်တာ ပထမရတယ်။
ဒါလည်း ထပ်ခါထပ်ခါပြောတာပေါ့။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ထူးချွန်စွာနဲ့
ကြက်ဆူပင်စိုက်တာ ထိပ်ဆုံးမှာနေရတာကို။ ဘာဖြစ်လို့လဲဆိုတော့
အဖိနှိပ်အများဆုံး အကြောက်တရားအများဆုံးလေ။ ဒေါ်စုပါတီလည်းမရှိဘူး။
တခြားပါတီလည်းမရှိဘူး။ တစညကလွဲရင်ပေါ့။ တခြားပါတီတွေလည်း ပြုတ်ကုန်တာကိုး။
တိုင်းရင်းသားက လုပ်မယ်ကြံလည်း ၁၇(၁) တွေ ဘာတွေနဲ့ ပြုတ်သွားတာတွေ ရှိတယ်။
ဒေါ်စုမလွတ်ခင်ကတည်းက သူများတိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်နေကြတာလေ။ ဒေါ်စု
နေအိမ်အကျယ်ချုပ်က လွတ်လာတော့လည်း လုပ်ကြတာပဲ။ အဲဒီအချိန်မှာတောင်
ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်ကြီးလာတာတောင် ဘုန်းကြီးကျောင်းလည်း မတည်းရ။
ဧည့်စာရင်းလည်း တိုင်လို့မရ။ ရဲစခန်းမှာ တောင်းအိပ်တာတောင် ပေးမအိပ်ဘူး။
ကားကွင်းမှာ အိပ်ပြီးတော့ ပြန်သွားရတယ်။ အခုကတော့ ထူးခြားတယ်။ အစိုးရအဖွဲ့က
ဘောလုံးကွင်းမှာ လုပ်တာလည်း သူတို့ဘက်က စောင့်ရှောက်မှုတွေပါတယ်။
ဗီနိုင်းတွေဘာတွေ ကပ်ခွင့်ပေးတယ်။ အဲဒီတော့ ဒီအစိုးရက ကျွန်မတို့နဲ့
ပေါင်းလုပ်ချင်တယ်လို့ ထင်တာပေါ့။ လှပမယ်လို့ထင်ပါတယ်” ဟု
ဒေါက်တာဒေါ်ခင်စည်သူက ပြောကြားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြုလုပ်မည့်
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လွိုင်ကော်မြို့ရှိ လွိုင်ကော်ဟိုတယ်၌ ညအိပ်တည်းခိုမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်သည် ဟောပြောပွဲမတိုင်မီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီဝင်များ၊
မြို့မိမြို့ဖများ၊ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများ၊ လူငယ်အရပ်ဘက် အဖွဲ့အစည်းများနှင့် ၎င်းတည်းခိုသည့် ဟိုတယ်တွင်
တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
“ဒေါ်စုလာတာ ကောင်းပါတယ်။ ကျွန်တော်တို့ အတိုက်အခံတွေ အတွက်ကော၊
သူရဲ့ပါတီအတွက်ကိုကော ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ပြည်နယ်ရဲ့
အနေအထားတွေကို အကြားနဲ့ မဟုတ်ဘဲနဲ့ လက်တွေ့သိသွားပြီး
စဉ်းစားဆုံးဖြတ်ရမယ့်ဟာတွေ ဖြစ်လာပါလိမ့်မယ်” ဟု ကရင်နီပြည်လူငယ်များ
သမဂ္ဂအဖွဲ့မှ ကော်မတီဝင်တစ်ဦးဖြစ်သူကို ဖိုးခွားက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ်သို့ ၁၉၈၉ ခုနှစ်တွင်
တစ်ကြိမ်လာရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက်
လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ဝင်း၊ မခိုင်(လွိုင်ကော်)Eleven Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 7, 2014
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွိုင်ကော်မြို့၌ ယနေ့ပြုလုပ်မည့် လူထုတွေ့ဆုံပွဲတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ဖြင့် လုံခြုံရေးဆောင်ရွက်မည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွိုင်ကော်မြို့၌ ယနေ့ပြုလုပ်မည့် လူထုတွေ့ဆုံပွဲတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ဖြင့် လုံခြုံရေးဆောင်ရွက်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment