Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 8, 2014

အမေရိကန်၏ တိုက်ခိုက်မှုများ ကြားမှ ဆီးရီးယား နယ်စပ်မြို့ကို IS တို့ သိမ်းပိုက်



တူရကီနိုင်ငံ နယ်စပ်မျဉ်း အနီးတွင် ရှိသည့် ဆီးရီးယား နယ်စပ်မြို့ ကိုဘင်းမှာ IS အဖွဲ့ လက်အောက်သို့ ကျရောက်သွား ခဲ့ပြီ ဖြစ်သည်။ အမေရိကန်နှင့် မဟာမိတ်များသည် IS တို့အပေါ် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည့် ကြားမှပင် ကိုဘင်းမြို့ကို IS တို့က ဒေသခံ ကာ့ဒ်တပ်များ၏ လက်မှ အရယူ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
Kobane
IS တို့၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီ ဖြစ်သည့် ကိုဘင်းမြို့။ ဓာတ်ပုံ - Mirror
ဗုံးကြဲ တိုက်ခိုက်မှု များနှင့် မြို့ တွင်း အနီးကပ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရက်များ အတွင်း တူရကီ စစ်တပ်မှ တင့်ကားများ မှာလည်း နှစ်မိုင်အကွာ တွင် ရှိသည့် နယ်စပ်စည်း တစ်လျှောက် လုံခြုံရေး ရယူထား ရသည်။ စစ်ရေး အရ မဟာဗျူဟာ ကျသည့် ကိုဘင်းမြို့ကို ကာ့ဒ်တပ်ဖွဲ့ များ အနေဖြင့် အသည်းအသန် ခုခံကာကွယ် ခဲ့သော်လည်း IS တိုက်ခိုက်ရေး သမားများက အီရတ်ရှိ စစ်အခြေစိုက် စခန်းမှ သိမ်းယူရရှိသည့် တင်းကားများ၊ လက်နက်ကြီး များဖြင့် ထိုးစစ်ဆင် တိုက်ခိုက် မှုကြောင့် လက်လွှတ် ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ဆီးရီးယား ဂျီဟတ်တို့သည် ၎င်းတို့၏ အနက်နှင့် အဖြူ ရောစပ်ထားသည့် အလံများကို မြို့ ရှိတိုက်တာ အဆောက်အဦ များတွင် လွှင့်ထူထားပြီဖြစ်သည်။
"မြို့ တွင်းမှာ တိုက်ပွဲလေးတွေတော့ ဖြစ်နေတုန်းပဲ။ ကာ့ဒ် တပ်တွေက မြို့ကို အလုံးစုံ စွန့်ပစ်သွားတာ မျိုးတော့ မဟုတ်သေးဘူး။ မြို့ သူမြို့သား တွေကတော့ ရာနဲ့ ချီပြီး မြို့ကို စွန့် ပြေး သွားကြပါပြီ"ဟု ဆီးရီးယား လူ့ အခွင့်အရေး စောင့်ကြည့်ရေး ဥက္ကဌဖြစ်သူ ရာမီ အဗ္ဗဒူ ရတ်ရှ်မန်းက ပြောသည်။ တူရကီ သမ္မတ ရီဆက် တေးရစ်အာဒိုဂန်က "ကိုဘင်းမြို့ ကျသွားပြီ ဖြစ်ပါတယ်"ဟု ယာယီ စခန်းများရှိ ဒုက္ခသည်များကို ပြောသွားသည်။
ကိုဘင်းမြို့ ကို အိုင်အက်စ်တို့ လက်ရ သိမ်းပိုက်နိုင်သွား ခြင်းသည် ဆီးရီးယား အလက်ပို ပြည်နယ်နှင့် ၎င်းတို့၏ အမာခံနယ် ရာကာ ကြားမှ အရှေ့ ဖက်နယ်များ ထံသို့ ဆက်သွယ်မှုကို လွယ်ကူ သွားစေမည် ဖြစ်သည်။ တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက် အကွာအဝေး ကျယ်ပြန့် စွာ လည်း ထိန်းချုပ်သွားနိုင် စေမည် ဖြစ်သည်။
"IS တွေရဲ့ ထိုးစစ်က တစ်နေ့ ထက် တစ်နေ့ ပြင်းထန်လာတယ်။ အမြောက်ဆံတွေ အမြောက်အမြား ပစ်ခတ်တာကြောင့် မြို့ သူမြို့ သားတွေ များစွာသေကျေ ပျက်စီးရ ပါတယ်"ဟု ကာ့ဒ်တပ်ဖွဲ့ ခေါင်းဆောင်အစ်မတ် ရှိတ်ဟာဆန်က ပြောသည်။ သိမ်းပိုက် ခံရသည့် ကိုဘင်းမြို့ အနီးရှိ တူရကီဘက်ခြမ်းမှ တောင်တစ်လုံး အနီးတွင် တူရကီ တင့်ကား ဒါဇင်ကျော်မှာ ခံစစ်အနေအထားဖြင့် တပ်စွဲထားသည်။ မြို့ သိမ်း တိုက်ပွဲ အတွင်း အရပ်သား ၄၀၀ ကျာ် သေဆုံးကြောင်း ခန့် မှန်း ထားသည်။

No comments:

Post a Comment