Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 6, 2014

ကွေးသွားတဲ့ iPhone 6 Plus များအတွက် ဖုန်းကာဗာ

ကွေးသွားတဲ့ iPhone 6 Plus များအတွက် ဖုန်းကာဗာ

Shapeways လို့အမည်ရတဲ့ ကုမ္ပဏီက ကွေးသွားတဲ့ iPhone 6 Plus နဲ့ 6 များအတွက် အဆင်ပြေမယ့် ဖုန်းကာဗာကို ထုတ်လုပ်ပေးလိုက် ပါတယ်။ 3D Printed ကာဗာ ဖြစ်တဲ့အတွက် တိတိကျကျ အသုံးတည့်မယ့် ကာဗာကို ရရှိမှာပါ။ Apple က ဖုန်းပြန်အစားထိုး လဲလှယ်ပေးတယ် ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတဲ့ သူတွေအတွက် ရည်ရွယ်လို့ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

ဒီဇိုင်းစုံကို http://www.shapeways.com/model/2706548/iphone-6-bendgate-case.html?materialId=77

 
  ထဲမှာ ဝင်ရာက်ကြည့်ရှု နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ဝန်းကျင် ဖြစ်ပါတယ်။ ကာဗာကို အရင်ဆုံး ရရှိမှာ မဟုတ်ပါဘူး။ မိမိရဲ့ ကွေးသွားတဲ့ iPhone 6 သို့မဟုတ် 6 Plus ကို အရင်ဆုံး ကွေးသွားတဲ့ ပမာဏ အတိုင်းအတာကို သေချာ တိုင်းတာလို့ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် တိုင်းတာမယ့် နည်းလမ်းကို ကုမ္ပဏီက အော်ဒါမှာသူများကို ပေးပါလိမ့်မယ်။ အတိုင်းအတာ ရရှိပြီဆိုတာနဲ့ ရက်ပိုင်းအတွင်း ကာဗာကို စိတ်ကြိုက် ဖန်တီးပေးပြီး ပြန်ပို့ပေးတာ ဖြစ်ပါတယ်။

iPhone 6 နဲ့ 6 Plus မကွေးအောင် ကာဗာများ အမျိုးမျိုးပေါ်ပေမယ့် ကွေးပြီးသားအတွက် ပေါ်တဲ့ ကာဗာကတော့ ခပ်ရှားရှားပါပဲ။ သုတေသနခန်းတစ်ခုမှ Apple Bending အတွက် စမ်းသပ်မှု ဗီဒီယိုကို http://youtu.be/Y0-3fIs2jQs ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment