Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 6, 2014

iPhone 6 နှင့် 6Plus က အမွေးကို ပြောင်စေသည်



iPhone ကွေးတဲ့ သတင်းပြီးနောက် နောက်ထပ် ထင်မှတ်မထားကြတဲ့ အံ့သြစရာ သတင်းကတော့ iPhone ဟာ အမွေးကို ပြောင်စေခြင်း ဖြစ်ပါတယ်။ #hairgate ကို နှိပ်လို့ Twitter နဲ့ Facebook မှာ ရှာကြည့်နိုင်ပါတယ်။ Apple ရဲ့ နောက်ဆုံးထွက် iPhone 6 နဲ့ 6 Plus ကို အသုံးပြုနေသူများမှ ဆံပြင်မွေး ကျွတ်တဲ့ အတွေ့အကြုံများကို မျှဝေထားကြခြင်းကို မြင်တွေ့ ရမှာ ဖြစ်ပါတ်။

The seam between the glass screen and the aluminium back လို့ ခေါ်တဲ့ ဖန်သားမျက်နှာပြင်နဲ့ နောက်ကျော အလူမီနီယမ် အဆက်မမှာ လေဟာနယ်လေး လစ်ဟာနေတာ ဖြစ်ပါတယ်။ သူက သေးပေမယ့် ဆံပင်မွေးတော့ လွယ်တကူ ခံနိုင်တဲ့ ပုံစံ ရှိပါတယ်။ ဒါကြောင့်မို့ ဖုန်းပြောပြီး ပြန်ချမယ် လုပ်တော့ ဆံပင်မွေးတွေ ညှပ်ပါလာခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆံပင်မရှိသူများ အတွက သုံးရန်သာ သင့်ကြောင်း ဘာဘာနဲ့ Social Media တွေမှာ ဟာသ ဖြစ်ကုန်ပါပြီ။ ယခု ဖော်ပြထားတဲ့ ပုံမှာဆိုရင် iPhone 6 ကို အမွေးရှင်းထုတ်ဖို့ အတွက် အလှကုန် ပစ္စည်း တစ်ခု အဖြစ် နောက်ပြောင်ထားတာကို မြင်တွေ့ရ မှာ ဖြစပါတယ်။

#bendgate နောက်ပိုင်း #hairgate ဟာ Apple အတွက် ဒုတိယ အကြိမ်မြောက် အရှက်ရစရာ ဖြစ်လာပါတယ်။ Apple ရဲ့ iPhone ထုတ်တဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး နှစ်တစ်ခုလို့ ပြောရင်လည်း မမှား နိုင်ပါဘူး။ Apple အနေနဲ့ ယင်းအတွက် ဘယ်လို တုံ့ပြန်ပြောဆိုမယ် ဆိုတာ မီဒီယာများ စောင့်ကြည့်လျက် ရှိကြ ပါတယ်။
.
Ref: Metro, NY Magazine

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment