Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 17, 2014

Drone ဖြင့် ဗုံးများသယ်ဆောင်လာမည်ကို ပလာတီနီ စိုးရိမ်

လာမည့်အနာဂတ်ဘောလုံးပွဲစဉ်များသို့ ပရိသတ်များအနေဖြင့် drone (မောင်းသူမဲ့လေယာဉ်ငယ်)ဖြင့် ဗုံးများ သယ်ဆောင်ကာ   ဖောက်ခွဲမှုပြု လုပ်လာနိုင်ခြင်းကို စိုးရိမ်ကြောင့်ကြနေကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌပလာတီနီက ပြောကြားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ယူရိုခြေစစ်ပွဲအဖြစ်ကစားခဲ့သောဆားဘီးယားနှင့်အယ်လ်ဘေးနီးယားအသင်းတို့၏ပွဲစဉ်တွင် မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် ပိုစတာချိတ်ဆွဲကာ ကွင်းအတွင်းလွှတ်တင်ခဲ့ရာမှ နှစ်ဖက်အသင်းကစားသမားများ အချင်းများကာ ပရိ သတ်များဝင်ရောက်လာမှုဖြင့် ပွဲပျက်ခဲ့ ရသည်။ ထိုပွဲအဖြစ်အပျက်နှင့် ပတ်သက်၍ ပလာတီနီက ခွင့်မလွှတ်နိုင်လောက်သည့် လုပ်ရပ်ဟု ဝေ ဖန်ခဲ့ပြီး လာမည့်အနာဂတ်တွင် ဘောလုံး ပွဲစဉ်များ၌ နိုင် ငံရေးတင်းမာမှုများကို အသုံးချလာနိုင်မည့်အရေးကို တွေးတောပူပန်နေခြင်းဖြစ်သည်။
“အဲဒီပွဲဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဘဲလ်ဂရိတ်က လာမယ့် အစီရင်ခံစာကို ကျွန်တော်တို့ စောင့်ဆိုင်းနေ ပါတယ်။ ဒရုန်းနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းက အလံတစ်ခုမဟုတ်ဘဲ ဗုံးတစ်လုံးသာဖြစ်နေမယ်လို့ စိတ်ကူးကြည့်စမ်းပါ။ အဲဒီလိုသာဖြစ်နေ မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ကြ မလဲ။ ကျွန်တော်တို့ ဂရုစိုက်ကြရပါလိမ့်မယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ ဘယ်အရာကို မဆို အလေးထားဂရုစိုက်ဖို့လိုအပ်ပါတယ်။ နိုင်ငံရေးအရတင်းမာမှုတွေရှိတတ် တဲ့ နေရာမျိုးတွေမှာ အထူးအလေးထားကြရမှာပါ”ဟု ပလာတီနီက TF1 အားက စားဝက်ဘ်ဆိုက်ဒ်သို့ ပြောသည်။
http://mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-14/item/30478-drone

No comments:

Post a Comment