Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 17, 2014

ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နည်းသော်လည်း ဆုတစ်ခု ရရှိရန် မျှော်လင့်ဟု မေဘရဏီသော် ပြော

 Miss International Beauty Pageant 2014 ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မေဘရဏီသော် သည် ပြိုင်ပွဲ အတွက် ပြင် ဆင်ချိန် တစ်လသာ ရခဲ့သော်လည်း အကောင်းဆုံး ကြိုးစား လုပ်ဆောင် သွားမည့်အပြင် ၎င်းအရည်အချင်းနှင့် ထိုက်တန်သည့်ဆုတစ်ခုခုရရှိရန်ယုံကြည်သည် ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
"ပထမ တုန်းကတော့ သွားမပြိုင် ဖြစ်ဘူး ဆိုပြီး စိတ်က အေးအေးဆေးဆေး ဖြစ်သွားတယ်။ ညီမ စဉ်းစား မိတာက ငါ ဒီနှစ်မှာ လိုအပ်ချက်လေးတွေ ရှိတယ်ေ ပါ့။ နောင်နှစ်မှာ ဒီထက်မက ကိုယ့်လိုအပ်ချက် တွေကို ဖြည့်ဆည်းပြီး ပြိုင်မယ်။ နောက်ပွဲတွေ မှာ အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်သွားမယ်လို့ စဉ်းစားထား တာပါ။
ဒီလိုမျိုး သွားရမယ် ဆိုတော့လည်း အရမ်းလည်း ကိုယ့်အတွက်ဂုဏ်ယူဖို့ ကောင်းတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ဖြစ်လို့ ပျော်လည်း ပျော်တယ်။ကိုယ့်ရဲ့အပေါ် မှာ ဝန်ထုပ်ဝန်ပိုး တစ်ခုလည်း ဖြစ်သွားတယ်။ မြန်မာနိုင်ငံ အနေနဲ့ သွားတဲ့ အခါမှာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု တွေကိုလည်းအကောင်းဆုံး ဖြစ်အောင်ဖွင့်ဟပြ သဖို့က အရေးကြီးတော့ အဲဒီ အတွက်လည်း ပြင်ဆင် နေပါတယ်" ဟု မေဘရဏီသော်က ပြောသည်။
Miss Myanmar International 2014 ပြိုင်ပွဲတွင် အလှမယ် ခင်ဝေဖြိုးဟန် မှ Miss Myanmar International 2014 အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရ သော်လည်း ၎င်းသည် အသက် 18 နှစ် ပြည့်ရန်နှစ်ပတ်ကျော်လိုနေခြင်းကြောင့် Miss International Organization မှ 1st Runner Up ရရှိသူကို စေလွှတ်ပေးရန်တောင်း ဆို ခဲ့ခြင်းကြောင့် မေဘရဏီသော် ကို သွားရောက် ယှဉ်ပြိုင် စေခြင်း ဖြစ်သည်။
"ညီမ သွားဖို့ သိတာ စက်တင်ဘာလ ၂၅၊ ၂၆ လောက်မှ သိခဲ့တာ။ အဲတုန်းကတော့ အရမ်းအံ့သြသွားပါတယ်။ခင်ဝေဖြိုးဟန်သွားမပြိုင်ဖြစ်တာစိတ်မကောင်း   ဖြစ်မိပါတယ်။ ကိုယ်နဲ့ အရမ်းခင်တဲ့ သူငယ်ချင်း က သွားရောက် မယှဉ်ပြိုင် ဖြစ်ဘူး ဆိုတော့လည်း သူ့အတွက် ဝမ်းနည်းရ ပါတယ်" ဟု ခင်ဝေဖြိုးဟန်နှင့် ပတ်သက်ပြီး ပြောသည်။
အလှမယ် မေဘရဏီသော်သည် ယင်း ပြိုင်ပွဲ အတွက် အဘက်ဘက်က ပြည့်စုံအောင် ပြင်ဆင် နေပြီး ခန္ဓာကိုယ်လှပ ကျန်းမာ ကြံ့ခိုင်စေရန် အတွက် Real Fitness တွင် လေ့ကျင့်လျှက် ရှိသည်။ ကိုယ်ရည်ကိုယ်သွေး အတွက် ပြင်ဆင်ခြင်း အပြင် မော်ဒယ်လမ်း လျှောက်နည်းများ၊ အထွေထွေ ဗဟုသုတများ ပြည့် စုံရန်အတွက်  ပြင်ဆင် လျက်ရှိပြီး မော်ဒယ်နှင့် ပတ်သက်သည့် အပိုင်းများကို တင်မိုးလွင် (Talent & Model)ထံ၌ လေ့ကျင့်သင်ကြားလျက်ရှိသည်။"ညီမအနေ နဲ့ သရုပ်ဆောင် ပိုင်းကို လုပ်ဖို့ စဉ်းစား ထားပေမယ့် သေသေချာချာ လေ့လာပြီး ကိုယ်ပေးနိုင်တဲ့ အချိန်ရယ်၊ကိုယ့်အတွက်လည်း အဆင် ပြေပြီး ပညာရေး ပိုင်း မှာလည်း ထိခိုက်မှု ရှိမရှိ ကြည့်ပြီး မှနှစ်ဖက်ကို မျှတအောင်လုပ်ပြီးမှ ဆုံးဖြတ်မှာပါ" ဟု၎င်းက သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်ပြီး ပြောသည်။
ပြိုင်ပွဲတွင်၎င်း ၀တ်ဆင်မည့် အ၀တ်အစားပိုင်း ကိုဒီဇိုင်နာ မိုးကုတ် ပေါက်ပေါက်၊ ကိုကောင်းမြတ်နှင့် ကိုမျိုးမင်းစိုးတို့မှ ပံ့ပိုးသွားမည် ဖြစ်ပြီး နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မျိုးမင်းစိုးမှ ပြင်ဆင် ပေးမည် ဖြစ်သည်။  အလှမယ် မေဘရဏီသော် သည်ယင်းပြိုင်ပွဲ ကိုဝင်ရောက် ယှဉ်ပြိုင်ရန် အောက်တိုဘာ ၂၅ရက် တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည် ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲသည် ဂျပန် နိုင်ငံ တိုကျိုမြို့၌ နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ၎င်းသည် Miss People 2013 ကို ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး 1st Runner up ရရှိ ခဲ့သူ ဖြစ်သည်။ သမိုင်းနှင့် ကျောင်းပြီးကာ LCCI Level 1,2,3 အောင်မြင်ခဲ့သူ ဖြစ်သည်။ ယင်းအပြင် Diploma In Management ကိုလည်း ရယူထားသည်။
http://mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/30486-2014-10-17-13-08-56

No comments:

Post a Comment