CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 15, 2014
ဒီနိုင်ငံမှာ မင်းသမီးဖြစ်ရတာ ကံဆိုးတယ်လို့ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်
ခင်ဆွေသက်
နေပြည်တော်မှာ အောင်ပွဲခံနေပြီဖြစ်တဲ့ စုန်းပြူးဇာတ်ကားနဲ့ပတ်သတ်ပြီး ဇာတ်ပို့နေရာက ပါဝင်သူတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်က ဒီဇာတ်ကားမှာ နေတိုးကို အကယ်ဒမီရစေချင်တယ်လို့ ဖွင့်ဟသွားပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်ဖို့သာ ကြိုးစားတတ်တဲ့သူမက ဗီလိန်ဇာတ်ရုပ်မျိုးတွေပါ လက်ခံရိုက်ကူးတတ်သူမို့ အဲ့ဒီအကြောင်း မေးကြည့်တဲ့အခါ “ဇာတ်ကတော့ ကိုယ်နဲ့လဲလိုက်တယ်။ လုပ်ကွက်လဲ ရတယ်ဆို ရိုက်ပါတယ်။ ကိုယ့်အတွက် အနုပညာ ကျန်မကျန်ကြည့်တယ်။ အဆင်ပြေရင် ရိုက်တယ်။ သင်ဇာက ဗီလိန်တွေ ဘာတွေသိပ်မရွေးဘူး။ ကြေမွသွားသော တိမ်တိုက်များဆို လုံးဝဗန့်စစ်စစ် တောက်လျှောက်ကို ယုတ်မာတာ အဖြည်လဲမပါဘူး။ အဲ့လိုမျိုးလဲ ရိုက်တာပဲ။ ရှေ့မှာလဲ သင်ဇာရိုက်ခဲ့တာ အများကြီးရှိပါတယ်။ ဇာတ်လမ်းတွဲကတော့ သင်ဇာ အခြေအနေ ကြည့်နေတုန်းပဲ။ ကိုယ့်ကို လာကမ်းလှမ်းမယ်ဆိုရင်တော့ အခြေအနေကောင်းပြီး အဆင်ပြေမယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ”လို့ ဆိုပါတယ်။
ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်မှာ Medical Check Up သွားလုပ်ထားတဲ့ သူမက ကိုလက်စထရောများနေတဲ့အတွက် အားကစားတစ်ခုခု လုပ်ရမယ်လို့ ဆိုတဲ့အပြင် ဒီဇင်ဘာလလယ်လောက်မှာလည်း စင်ကာပူကို အလည်အပတ်အနေနဲ့ သွားဖို့ရှိနေပါတယ်။ အဲ့ဒါကိုတော့ သူမက “Medical Check Up ကတော့ အဖေရယ်၊ အမေရယ်၊ သင်ဇာရယ် တစ်နှစ်တစ်ခါ လုပ်နေကျပေါ့။ မိသားစုနဲ့သွားရတာပျော်တယ်။ သူတို့နှစ်ယောက် ကြည်နူးနေတာကို ကြည့်ရတာ ကိုယ်လဲကြည်နူးတယ်။ သူတို့နှစ်ယောက်ကို ဘေးကနေ လိုက်စောင့်ရှောက်ပေးရတာကို ပိုသဘောကျတယ်။ ကျန်းမာရေးက အကုန်ကောင်းတယ်။ ဒါပေမဲ့ အားကစားမလုပ်တာ ကြာတဲ့အတွက် ကိုလက်စထရောတွေ တက်နေတယ်။ ပြီးတော့ ဗီတာမင်ဒီဓာတ်လဲ နည်းနေတယ်။ အဲ့ဒီအတွက် အားကစားလုပ်ရမှာတွေရှိတယ်။ အကသင်ရမှာတွေရှိတယ်။ ခုန်ပေါက်ပြီး လုပ်ရတဲ့ အားကစားတစ်ခုကို ခုနောက်ပိုင်းမှာ လုပ်ဖြစ်ပါမယ်။ စင်ကာပူကို ဒီဇင်ဘာလလယ်မှာ သွားဖို့ရှိတယ်။ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ရယ်၊ ရှော့ပင်းရယ်ပေါ့”တဲ့။
နိုင်ငံရေးပွဲတွေမှာ တွေ့လာရတာနဲ့ပတ်သတ်ပြီး သူမရဲ့ခံယူချက်တစ်ချို့ကို မေးကြည့်လိုက်ပြန်တော့ “နိုင်ငံရေးအကြောင်းလဲ သင်ဇာမသိပါဘူး။ နားလဲမလည်ဘူး။ ဒါပေမဲ့ အခုဖြစ်နေတဲ့ အခြေအနေထက် ပိုကောင်းသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့လိုက်လုပ်ပေးခြင်း၊လိုက်တက်ပေးခြင်း ဖြစ်ပါတယ်။ အဲ့ဒီတွက်ကြောင့် ကိုယ့်ဖက်က ယုံကြည်ချက်ရှိလို့လဲ လုပ်တာပေါ့နော်။ ကိုယ်တွေ အနုပညာရှင်တွေ ပူးပေါင်းလုပ်တဲ့အတွက် ထူးခြားသွားမယ်။ ပြောင်းလဲသွားမယ်ဆို တက်ရောက်ဖို့လဲ ၀န်မလေးပါဘူး ။ အဲ့တွက်ကြောင့်မို့လို့ သွားဖြစ်တာပါ။ နိုင်ငံရေးအပြောင်းအလဲကို ပြောပါဆိုရင်လည်း သင်ဇာကတော့ ပြောင်းလဲစေချင်တာထက် ပိုကောင်းစေချင်တာပေါ့နော်။ ခုလဲ မကောင်းဘူး မဟုတ်ဘူး။ကောင်းပါတယ်။ ဒါပေမဲ့ ဒီ့ထက်ကို ပိုကောင်းစေချင်တာပေါ့နော်။ သူများ နိုင်ငံတွေကို သွားရင် အရမ်းကွာခြားတယ်။ ဟိုမှာက လူဖြစ်ရကျိုးနပ်တယ်။ ဒီမှာက အကုန်လုံး ကံကောင်းလို့တော့ မင်းသမီးဖြစ်တယ်။ ကံဆိုးပြီး ဒီမြန်မာနိုင်ငံမှာ လာဖြစ်ရသလိုဖြစ်နေတယ်။ ဒီကမင်းသမီးတွေ အရမ်းကိုပင်ပန်းပါတယ်။ ခေါင်းစခြေဆုံး ကိုယ့်ဟာကိုစီစဉ်ရတယ်။ ဘယ်သူမှု လိုက်လုပ်ပေးမဲ့သူ မရှိဘူး။ သူများနိုင်ငံမှာက ကာရိုက်တာတစ်ခုကို စိတ်ထဲထည့်ရုံပဲ။ ကျန်တာ ဘာမှစီစဉ်စရာမလိုဘူး”လို့ သူမက ပြောပြခဲ့ပါတယ်။
Trend Myanmar
ဒီနိုင်ငံမှာ မင်းသမီးဖြစ်ရတာ ကံဆိုးတယ်လို့ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 15, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 15, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment