CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 16, 2014
ပျဉ်းမနားပရိသတ်ကို တောင်းပန်တဲ့ Rဇာနည်
ပျဉ်းမနားနှစ်ကျိပ် ရှစ် ဆူပွဲနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ် တွင် တင်ခဲ့သော အကြောင်းအ ရာမှာ စနောက်၍ တင်ခဲ့ခြင်းဖြစ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပရိသတ်များကို တောင်းပန်ကြောင်း Rဇာနည်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်က ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျဉ်း မနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် မိုးအ လင်းဖျော်ဖြေရသည့် အကြောင်း အရာကို ‘‘ပျဉ်းမနား မိုးဖင်မိုးလင်း ပွဲကြီး တိုက်ပွဲကြီးစရန် နာရီပိုင်း သာ လိုတော့သည်။ ကဲ..ကိုနိုင်ဇော် မျောက်ပွဲစပြီနော်’’ စသဖြင့် ရေးသားခဲ့ရာ ယင်းကိစ္စကို ပျဉ်းမနား ပရိသတ်များက မကျေနပ်သောကြောင့် ပျဉ်းမနားမြို့နယ် ဂီတ အစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
‘‘ပျဉ်းမနားမှ ပရိသတ်ထု ကြီးအား ကျွန်တော်Rဇာနည်မှ အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ မည်သို့မှ နစ်နာသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်ပါ။ ကိုယ့် Wall ပေါ်မှာ ကိုယ့်Friends များနှင့် စနောက် လိုစိတ် ပိုပြီး ရေးမိခြင်းကြောင့် ချစ်လှစွာသော ပျဉ်းမနားတေး ချစ်ပရိသတ်ထုကြီးအား တောင်း ပန်ပါတယ်ခင်ဗျာ’’ ဟု အောက် တိုဘာ ၁၄ ရက်ညက Rဇာနည်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်သည် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး နှစ်ရက်စ လုံးပရိသတ်စိတ်ကြိုက် မိုးအလင်းသီဆိုပေးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် ဇော်ပိုင်နှင့် နှစ်ယောက်တွဲဖျော်ဖြေပွဲ တွင် ပြောကြားခဲ့သည်။
7day daily
ပျဉ်းမနားပရိသတ်ကို တောင်းပန်တဲ့ Rဇာနည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 16, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 16, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment