Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 24, 2014

အလွတ် သတင်းထောက် ကိုပါကြီးကို အသေဖမ်းဆီးရမိဟု စစ်တပ် ထုတ်ပြန်


တလနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် ကိုပါကြီးမှာ စစ်ဘက် အမှတ် ၂၀၈ ခြေမြန် တပ်ရင်းက ထိန်းသိမ်းထားစဉ် အစောင့် စစ်သည်ထံမှ သေနတ်လုယူ
ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိသည်ဟု အောက်တိုဘာ ၂၃ ရက်နေ့တွင် စစ်တပ်က သတင်းထုတ်ပြန်လိုက်ကြောင်း ယနေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားသည်။

အလွတ်သတင်းထောက် ကိုပါကြီးသည် လက်နက်ကိုင် KKO အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အဆင့် အောင်နိုင် အဖြစ် စစ်ဆေးသိရှိရကြောင်း ၊ ထို့ကြောင့် ကျိုက်မရောမြို့ တိုက်ပွဲတွင် KKO အဖွဲ့၏ လက်နက်များ သိမ်းဆည်းထားသည့်နေရာကို လိုက်လံပြသရန် အတွက် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကျေးရွာအနီးသို့ ရောက်ရှိစဉ် ညဘက် အပေါ့သွားရန်ဟု အကြောင်းပြချက်ဖြင့် ကင်းစောင့်စစ်သည်ကို လုံးထွေးပြီး သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းကြောင်း၊ ယင်းကြောင့် ကင်းစောင့်စစ်သည်က ပစ်ခတ်ဖမ်ဆီးရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ The Voice သတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ကိုပါကြီး၏ ဇနီး မသန္တာကမူ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်းဓာတ်ပုံ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဧရာဝတီ
------------------------------------------------------------------------------------------------------------
တိုက်ဂါးအမှု့ ဖြစ်တယ်။ ဒီကေဘီအေက ဒု-ဗိုလ်မှုးကြီးတစ်ယောက်ကိုမြ၀တီမှာ ပစ်တယ်။ သတ်တဲ့လူကို သူတို့ လက်ထဲထည့်လို့ ပြောတယ်။ မထည့်ရင်အောက်ကတပ်တွေကိုထိန်းလို့ ရမှာမဟုတ်ဘူးဆိုပြီးဒီကေဘီအေဘက်က ပြောလာတယ်။ သိပ်မကြာဘူး ကျိုက်မရောမှာ ခရီးသွားနေတဲ့ တပ်မတော်တပ်ဖွဲ့ တစ်ဖွဲ့ ကို ဒီကေဘီအေတွေက ကားဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်ပြီး ဖမ်းလိုက်တယ်။ 
ကျိုက်မရောမှာဖြစ်တုန်းက ဒီအေဘီအေတွေ စစ်တပ်ကို ဖမ်းတယ်။ ဘောလုံးကွင်းထဲမှာနေပူလှမ်းတယ်။ ပြီးတော့ ပြန်လွှတ်တယ်။ အဲဒါလည်းပြီးကော တပ်ကတင်းပြီး လိုက်ရှင်းတယ်။ ပြသနာက အဲဒိမှာစတာ။ ရှင်းတော့ ဒီကေဘီအေတွေ ပြေးတယ်။
တပ်မတော်က တပ်ဖွဲ့ တပ်ဖွဲ့ ကိုနေပူလှမ်းတဲ့လူတွေဟာ ဒီအေဘီအေတွေဖြစ်တယ်။ အဲဒိအထဲမှာ ကိုပါကြီးမပါဘူးပြောနိုင်လား။ မပြောနိုင်ပါ။ သတင်းထောက်လည်းဖြစ်တယ် ဒီအေဘီအေနဲ့ လည်းရင်းနှီးတယ်။ သူက အဲဒိမှာရှိနေတယ်လို့ ထင်တယ်။ သတင်းယူနေတယ်။
တပ်ကလိုက်ရှင်းတော့ ကိုပါကြီးဟာ ဒီအေဘီအေနဲ့ အတူ ဆုတ်ခွာပြေးတယ်။ ဗိုလ်ဆန်းအောင်ပြောတာက ဖြစ်တဲ့နေ့ မှာတင် ကိုပါကြီးကို ဆိုင်ကယ်ငှားပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်။ ပြန်တော့ ကျိုက်မရောအ၀င်မှာ တပ်နဲ့ ရဲပေါင်းပြီး စစ်ဆေးနေတဲ့အချိန်၊ ကိုပါကြီးက ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်မှာ တန်းတိုးတာပဲ။ ဒါနဲ့ မင်္သာမှု့ နဲ့ ဆွဲစိ။ ပါလာတဲ့ပစ္စည်းတွေကိုရှာတော့ သူရိုက်ထားတဲ့ပုံတွေထဲမှာ တပ်မတော်သားတွေကို နေပူလှမ်းတုန်းက ပုံတွေပါတယ်။ ဒီကေဘီအေတွေပါတယ်။ ဒီလိုတွေ့ တော့ ပိုဆိုးသွားတယ်။ ဒီမှာတင် ကိုပါကြီးကို ဒီအေဘီအေနဲ့ အလိုတူအလိုပါဆိုပြီး စစ်ဆေးမေးမြန်းရင်းနဲ့ သတ်ပြစ်လိုက်တာလို့ ယူဆရတယ်။ သတင်းဌာနလည်း မရှိ။ အလွတ်သတင်းထောက်။ ဘယ်သတင်းဌာနကမှ အာမမခံ။ ဆိုတော့ ကိုပါကြီးက အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်ဖြစ်သွားတာလို့ ယုံကြည်တယ်။
တပ်ကိုနေပူလှမ်းတုန်းကလည်း ဒီအေဘီအေနဲ့ အတူ ဘေးနားမှာ ကိုပါကြီးရှိကောင်းရှိမယ်။ တွေ့ တဲ့လူကတွေ့ မယ်။ နေပူလှမ်းခံရတဲ့ တပ်မတော်သားတွေနဲ့ ပတ်ဝန်းကျင်က သိမယ်။
ဗိုလ်ဆန်းအောင်က မသန္တာကိုပြောမှ သူ့ မိန်းမ မသန္တာဟာ ချက်ခြင်းလိုက်တယ်။တလလောက်ကြာပြီး နောက်ဆုံးသတင်းစာရှင်းလင်းပွဲလုပ်တော့မှ တပ်က သတင်းထုတ်ပြန်တယ်။ သတင်းစားမရှင်းသေးရင် ထုတ်ပြန်မှာမဟုတ်ဘူး။ လိမ်လို့ မရတော့လို့ ထုတ်ပြန်တာဖြစ်တယ်လို့ ယုံကြည်ရတယ်။ အလွယ်ဆုံးခေါင်းစဉ်ကတော့ သေနတ်လုလို့ ပစ်သတ်လိုက်တယ်ဆိုတာပါပဲ။
ဘေးကလူတစ်ယောက်အနေနဲ့ အကဲခက်ရမယ်ဆိုရင် ကိုပါကြီးက အပြစ်တော့မရှိဘူး။ တိုက်ပွဲကြားမှာ လူမှားပြီးအသတ်ခံရတဲ့လူ။ အထက်က အမိန့် မပေးရင် သတ်လို့ မရတဲ့အခြေအနေဆိုတော့ အထက်က လူကြီးတွေတာဝန်ခံရမဲ့ကိစ္စလို့ မြင်ပါတယ်။ အခုကိစ္စက ကမ္ဘာကျော်ဖြစ်သွားပြီ။ သတင်းထောက်ကို တပ်ကဖမ်းပြီး စစ်ဆေးမေးမြန်းရင် သတ်လိုက်ပြီဆိုတဲ့သတင်း။ ဆိုတော့ တပ်မတော်ဘက်က နာမည်ပျက်သွားပြီ။ အဲဒါကိုဖားထေးချင်ရင်တော့ အမှု့ မှန်ကိုသာပေါ်အောင်လုပ်ဖို့ ပဲရှိတော့တယ်။

No comments:

Post a Comment