ခင်ဆွေသက် on 2014-10-16 18:06
နေပြည်တော်မှာ ရုံတင်ပြသနေပြီဖြစ်တဲ့ စုန်းပြူးဇာတ်ကားရဲ့ဖန်တီးရှင် ဒါရိုက်တာ ဦးဝင်းထွန်းထွန်း ရဲ့ ဖန်တီးချက်လက်ရာတွေဟာ စုန်းပြူးကားမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့စီးဆင်းခဲ့ပါတယ်။ ရန်ကုန်မှာ မတင်သေးပေမဲ့ နေပြည်တော်မှာတော့ စံချိန်ချိုးတဲ့ ဇာတ်ကားတစ်ကားအဖြစ် ပရိသတ်တွေ အားပေးလက်ခံကြတာကို တွေ့ရသလို ရန်ကုန်မှာ Press Show ပြသစဉ်ကလဲ ပရိသတ်တွေ တခဲနက် လက်ခံအားပေးကြပြီး အကယ်ဒမီမှန်းခံရတဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် ဘောင်ဝင်နေတဲ့ ဦးဝင်းထွန်းထွန်းနဲ့ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် စုန်းပြူးကားနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ “ဒီကားက လက်ရှိမှာ အကယ်ဒမီစာရင်းဝင် ဖြစ်နေပြီ။ ကားက မကြည့်ရသေးဘူး။ တကယ်ပရက်ရှိုးပြတဲ့ချိန်မှာ ပရိသတ်ရဲ့ လက်ခုတ်သံကြောင့် ကိုယ်အရမ်းလဲ အားရှိသွားတယ်။ အရမ်းလဲ ကျေနပ်သွားတယ်။ ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးကြိုးစားထားကြတယ်။ တကယ့် လက်တွေ့အကယ်ဒမီကတော့ ရရမရရ ပြသနာမရှိဘူး။ အကယ်ဒမီက နတ်ကြီးတာကိုး။ ဒါပေမဲ့ Press Show နေ့မှာ အားလုံး ၀ိုင်းပေးကြတဲ့ အကယ်ဒမီကတော့ အရမ်းကို ပီတိဖြစ်စရာ ကောင်းပါတယ်။ အဲ့နေ့တုန်းက ဘယ်လိုပျော်မှန်းကို မသိတာ။ အားရကျေနပ်မှုလဲ ရှိသွားတယ်။ ပြန်ထွက်လာတော့ အားလုံးရဲ့မျက်လုံးမှာ မျက်ရည်တွေနဲ့ကိုယ်ကိုတိုင်တောင် အဲ့နေ့က ပရိသတ်ဖြစ်သွားတယ်။ အဲ့ဒါကြောင့်အမှောင်ထဲမှာ သွားငိုရတယ်။ မီးဖွင့်လိုက်ရင် ကိုယ်ငိုနေတာကို သူများတွေတွေ့သွားမှာရှက်လို့ပါ”လို့ သူက ပြောပါတယ်။
ဒီကားနဲ့ ပတ်သက်ပြီး အကယ်ဒမီဘယ်သူတွေ ရနိုင်သလဲ မေးကြည့်လိုက်တော့ သူက“ ဒီကားထဲမှာ မင်းသား နေတိုးပေါ့။ စုန်းပြူးကာရိုက်တာက သူတစ်ယောက်တည်း စလယ်ဆုံး အပင်ပန်းခံထားတယ်။ မင်းသားနောက်၊ supporting တွေ၊ ဇာတ်ညွှန်း၊ ထုတ်လုပ်ရေးအားလုံးကို ရစေချင်ပါတယ်။ ကိုယ့်တွက်ကတော့ အဲ့နေ့က အားလုံးပေးတဲ့အကယ်ဒမီကို ရပြီးသွားပြီလေ။ ဒါကလဲ တကယ့် အကယ်ဒမီကို မလိုချင်လို့မဟုတ်ပါဘူး။ အကယ်ဒမီကို အရမ်းလိုချင်ပါတယ်။ ဒါပေမဲ့ အကယ်ဒမီဆိုတာ နတ်ကြီးတဲ့အတွက် မရလဲပြသနာတော့ မရှိပါဘူး။ ခုလောလောဆယ် နေပြည်တော်မှာ အောင်ပွဲခံနေပြီ။ စံချိန်လဲချိုးတယ်။ အကယ်ဒမီတွေလဲ မှန်းပေးကြတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ စုန်းပြူးကားကိုကြည့်ပြီး ပရိသတ်တွေ ကျေနပ်မှာပါ။ ရင်ထဲမှာလဲ တခုခုကျန်ပြီး အိမ်ရောက်ရင်တောင် ပြောလို့မပြီးမဲ့ဇာတ်ကားကောင်းတစ်ကားပါ”တဲ့။
Trend Myanmar
စုန်ပြူး
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 16, 2014
စုန်းပြူးဇာတ်ကားဟာ ကြည့်လိုက်တာနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ့်ကားဖြစ်သလို အိမ်ရောက်ရင်တောင် ပြောလို့မပြီးမယ့် ဇာတ်ကားတစ်ကားပါလို့ ဆိုလိုက်တဲ့ ဒါရိုက်တာဝင်းထွန်းထွန်း
စုန်းပြူးဇာတ်ကားဟာ ကြည့်လိုက်တာနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ့်ကားဖြစ်သလို အိမ်ရောက်ရင်တောင် ပြောလို့မပြီးမယ့် ဇာတ်ကားတစ်ကားပါလို့ ဆိုလိုက်တဲ့ ဒါရိုက်တာဝင်းထွန်းထွန်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 16, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment