CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 3, 2014
ထင်မှတ်မထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့ အစားအစာများ
ကျွန်ုပ်တို့နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေဟာ ကျွန်ုပ်တို့ရဲ့ အသက်ရှင် ခြင်းပါပဲ။ အဲဒီအခါမှာ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမားရေးအတွက် သင့်တော်မယ်ထင်တဲ့ အစားအစာ တွေကို စားသုံးကြပေမယ့် အဲ့ဒီအစားအစာတွေကို လိုအပ်တဲ့ ဂရုစိုက်မှုတွေ မပြုလုပ်တဲ့အခါမှာ မထင်မှတ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီ အစားအစာတွေကတော့
၁။ အစိမ်းရောင်အရွက်ပါ ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေပါ ရှိနေတာကို သတိပြုရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို မစားသုံးခင်မှာ ရေနွေးနဲ့ သန့်စင်အောင် ဆေးကြောဖို့လိုပါတယ်။
၂။ ကြက်ဥ
ကြက်ဥရဲ့ အတွင်းထဲမှာ သင့်ကို အစာအဆိပ်သင့်စေမယ့် ဘက်တီးရီးယားတစ်မျိုး ရှိနေတတ်ပါတယ်။ ဒါကြောင့် ကြက်ဥ ကိုချက် ပြုတ်တဲ့အခါမှာ သေချာကျက်အောင် မပြုလုပ်ပါက တိုက်ဖွိုက်(Typhod) ရောဂါ အထိ ဖြစ်ပွားနိုင်တာကို သတိပြုရပါမယ်။
၃။ အသားစိမ်း
အသားစိမ်းတွေမှာ သင့်ခန္ဒာ ကိုယ်ရဲ့ ခုခံစနစ် က မတွန်းလှန်နိုင်တဲ့ မြင့်မားတဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့ သေချာစွာ ချက်ပြုတ်ထားတဲ့ အသားတွေကိုသာ စားသုံးသင့်ပါတယ်။
၎။ အာလူး
အာလူးအစိမ်းတွေဟာ အသုပ်တွေလိုပဲ ရှီဂယ်လာ၊ အီကိုလီ အစရှိတဲ့ မျိုးစေ့တွေကို သင့်ရဲ့ ခန္ဓာ ကိုယ် အတွင်းသို့ ပို့ဆောင်ပေးပါတယ်။ ဒါကြောင့်သေချာစွာ ဂရုစိုက်ချက်ပြုတ်ဖို့တော့လိုပါတယ်။
၅။ ချိစ်
ချိစ်တွေမှာ ဆယ်လ်မိုနယ်လာ နဲ့ လစ်စတီးရီးယားဆိုတဲ့ ဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျတဲ့အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
၆။ ငါး
ဘယ်လောက်ပဲ ကျန်းမာရေးအတွက် ကောင်းတယ်ပြောပြော ငါးတွေမှာ မာကျူရီ မြင့်မားစွာ ပါသင်တဲ့အတွက် သင့်ရဲ့ အာရုံကြောစနစ်ကို ထိခိုက်နိုင်ပါတယ်။ ငါးတစ်မျိုးတည်းကို နေ့စဉ် ပုံမှန် စားသုံနေတာဟာ မကောင်းပါဘူး။
Ref:mensxp.com
Trend Myanmar
ထင်မှတ်မထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့ အစားအစာများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 03, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 03, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment