Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

အသက် ၂၀ ကျော်အရွယ်ရောက်လာတဲ့အခါ မလုပ်သင့်တဲ့အရာများ

သင့်ရဲ့ကျောင်းသားဘ၀နေ့ရက်တွေ ကုန်ဆုံးသွားတဲ့အခါ သင့်ရဲ့ ရင့်ကျက်စအရွယ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ သင်ဟာ ဘ၀တစ်ခုရဲ့ အစ ဖြစ်နေတဲ့ ကိုယ့်အားကိုယ်ကိုးစ အသက်အရွယ်မှာ အထက်တန်းကျောင်းသား ဘ၀တုန်းကလို ပြုမူနေထိုင်နေလို့ မရတော့ပါဘူး၊။ ဦးနှောက်ကို သုံးပြီး စဉ်းစားဖို့ လိုအပ်လာပါပြီ။ အသက် ၂၀ ကျော် အရွယ်မှာ အမျိုးသားတွေ မလုပ်သင့်တာလေးတွေ ရှိပါတယ်။

၁။ အသင့်စား အစားအစာတွေကို မစွဲလန်းပါစေနဲ့

သင်ဟာ အမေချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေကို စားသုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ သင်ဟာ သင့်အလုပ်နဲ့ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေပါပြီ။ အဲဒီအခါမှာ ပီဇာလိုမျိုး အသင့်စား အစားအစာတွေကို မမှီခိုပါနဲ့။ အဲဒီအစားအစာတွေက သင့်ကို အာဟာရ လုံးဝ မဖြစ်စေပါဘူး။

၂။ ပါတီပွဲတိုင်းကိုမသွားပါနဲ့

သင့်ကို ဖိတ်ကြားထားလို့ပဲဖြစ်ဖြစ် ၊သူငယ်ချင်းတွေစုံလို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ အားလပ်ရက်တိုင်းမှာ ပါတီပွဲတွေကို အမြဲတမ်းမသွားပါနဲ့။ သင့်ရဲ့ အားလပ်ရက်တွေမှာ အပြည့်အ၀ အနားယူသင့်ပါတယ်။

၃။အားလပ်ရက် စနေနေ့မျိုးမှာ နေ့လည်တစ်နာရီထိ မအိပ်ပါနဲ့

သင်ဟာ သောကြာနေ့မှာ အလုပ်တွေပြီးဆုံးတဲ့ အထိမ်းအမှတ်နဲ့ ပျော်ပါးခဲ့ပြီးတဲ့နောက် စနေနေ့မှာ အသားကုန်အိပ်မယ်ဆိုတဲ့ စိတ်ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် သင့်ရဲ့အားလပ်ရက်ဟာ သင့်အတွက် တန်ဖိုးရှိပါတယ်။ အဲဒီနေ့မှာ သင့်ရဲ့ သူငယ်ချင်းတွေနဲ့တွေ့တာပဲဖြစ်ဖြစ်၊ သင်သွားချင်တဲ့တစ်နေရာရာကို သွားတာပဲဖြစ်ဖြစ် တန်ဖိုးရှိစွာ အသုံးချသင့်ပါတယ်။

၎။ တစ်ယောက်ထဲဖြစ်နေမှာကို မကြောက်ပါနဲ့

ချစ်သူရည်းစားမရှိပဲ တစ်ယောက်တည်းဖြစ်နေတယ်ဆိုတာ ဘ၀ကြီး ဆုံးခန်းတိုင်သွားတာ မဟုတ်ပါဘူး။ သင်ဟာတစ်ယောက်တည်းဖြစ်နေတဲ့အတွက် သင် အတွေ့အကြုံအသစ်တွေ သင်ယူလို့ရပါတယ်။ သင်သူငယ်ချင်း အသစ်တွေနဲ့ ခင်မင်ခွင့်ရနိုင်ပါတယ်။ သင်တစ်ယောက်တည်းဘ၀မှာ ပျော်စရာကောင်းတာတွေ အားလုံးကို ခံစားကြည့်လိုက်ပါ။

Ref:mensxp.com

Trend Myanmar

No comments:

Post a Comment