Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 7, 2014

“ ၂ဝ၁၄ သြဂုတ်လ ကားစစ်တမ်းဒေတာ ”


ကားသစ်ဝယ်သူတွေမှာ ရွေးချယ်စရာများလွန်းလို့ မျက်စိလည်စရာပါ။ မိသားစုအားလုံး ဆန့်ပါ့မလား? ဆီစားသက်သာရဲ့လား? ပိုအလေးထားစဉ်းစားစရာတစ်ခုက ကားပြင်ရင် ဘယ်လောက်ကုန်မှာလဲ? စတဲ့အခက်အခဲတွေကို ပြေလည်စေဖို့ အချက်အလက်များစွာပေါ်မူတည်ပြီး ကားစီးသူများ စိတ်ချမ်းသာစွာရွေးနိုင်အောင် ဇယားနဲ့တကွတင်ပြလိုက်ပါတယ်။
.
.
Cars.com ရဲ့ စိတ်အေးချမ်းသာ ကားဖွေရှာဇယားက သုံးစွဲသူတွေ နဲ့ အယ်ဒီတာတွေရဲ့ ပိုင်နိုင်တဲ့သုံးသပ်ချက်တွေအရ ထွက်ပေါ်လာတာပါ။ ပြီးတော့ ကားရဲ့ တာရှည်ခံနိုင်မှု၊ ပြုပြင်ထိန်းသိမ်းစားရိတ်နည်းပါးမှု နဲ့ အားကောင်းမောင်းသန် အာမခံတွေပေါ်အခြေခံထားပါတယ်။ ယုံကြည်ရတဲ့အရင်းအမြစ်တွေဖြစ်တဲ့ J.D. Power and Associates နဲ့ Consumer Reports တို့က ( ၅ ) နှစ်စာ ကားပြင်စားရိတ် နဲ့ ကားစက်ရုံကပေးထားတဲ့ အာမခံတွေအပေါ်တွက်ချက်ပြီး အဆိုပါ ကိန်းဂဏန်းတွေကို ပေးပါတယ်။ ဒါ့အပြင် ကား အစမ်းတိုက်ကြေစမ်းသပ်မှုတွေမှာ တောင့်တင်းတဲ့ ကားတွေကိုပဲ ရွေးထားပါတယ်။ ကောင်းပေ့ဆိုတဲ့ကားဟာ ( ၄၂၅ ) မှတ်ထိပေးထားနိုင်ပြီး ပြီးပြည့်စုံတဲ့ ဒေတာဇယားဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားထားတယ်လို့ ဆိုထားပါတယ်။
.
.
နံပါတ်စဉ် ( ၅ ) မှာ ပါဝင်တဲ့ တိုယိုတာ ကင်မရီ ဟိုင်းဘရစ် ဟာ တော်တော်အကြောမာတဲ့ကားလို့ပြောလို့ရသလို ( ၂ဝ၁၅ ) မော်ဒယ်ဟာလည်း ကားပြခန်းတွေထဲကို ရောက်နေပါပြီ။
.
.
အထက်ပါစာရင်းအရ နံပါတ် ( ၁ ) ဂျပန်ကားထုတ်လုပ်သူ တိုယိုတာ က ( ၁၅ ) နေရာမှာ ( ၁ဝ ) နေရာပါဝင်ခဲ့ပြီး ဟွန်ဒါက ( ၃ ) နေရာချိတ်ပါတယ်။ အမေရိကန်ကား GM က ( ၂ ) မျိုး စာရင်းချိတ်ပြီး အမြင့်ကား - SUV တွေချည်း ဖြစ်ပါတယ်။
.
.
မှတ်ချက် ။ ။ Lexus တံဆိပ်ဟာ Toyota ခြံမွေး ဇိမ်ခံကားဖြစ်ပြီး Acura တံဆိပ်ကတော့ ဒီဇိုင်းအမြဲအသစ်ထွင်တဲ့ Honda ပိုင် ဖြစ်ပါကြောင်း။
.
koko2yeye@gmail.com
.
Ref : Yahoo Autos


ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.

No comments:

Post a Comment