Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မာလာလာနဲ့ ဆတ်တီယာသီ



၂၀၁၄ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ပူးတွဲ ရရှိသွားတဲ့ ပါကစ္စတန်က မာလာလာ ယူစွတ်ဇေ နဲ့ အိန္ဒိယက ကိုင်လက်ရှ် ဆတ်တီယာသီ တို့ နှစ်ဦးစလုံးဟာ ကလေးသူငယ်တွေရဲ့ ရပိုင်ခွင့်အတွက် စည်းရုံး လှုပ်ရှားကြသူတွေ ဖြစ်ကြပါတယ်။

အသက် ၁၇ နှစ်အရွယ် မာလာလာ ကတော့ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိဖူးသူတွေထဲမှာ အသက် အငယ်ဆုံး အဖြစ် စာရင်းဝင်သွားပြီး သူဟာ အမျိုးသမီးတွေ ပညာသင်ခွင့် ရရှိရေး အတွက် လှုံ့ဆော်လို့ ၂၀၁၂ အောက်တိုဘာ လတုန်းက တာလီဘန်တွေ ရဲ့ ပစ်ခတ်မှု ခံခဲ့ရသူ ဖြစ်ပါတယ်။

အိန္ဒိယက အသက် ၆၀ အရွယ် မစ္စတာ ဆတ်တီယာသီ ကတော့ ကလေးသူငယ်တွေကို အဓမ္မ အလုပ်စေခိုင်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု အပါအဝင် ကလေးသူငယ် တွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှားလာခဲ့သူ ဖြစ်ပါတယ်





No comments:

Post a Comment