Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

အီဘိုလာအတွက် အမေရိကန် တပ်သား ၄၀၀၀ လွှတ်မယ်

                             ပုံစာ- အနောက်အာဖရိကကို ပို့လွှတ်မယ့် အမေရိကန် တပ်သားတွေ လေ့ကျင့်စဉ်။

အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ကို ထိန်းချုပ် ရာမှာ ကူညီဖို့အတွက် အမေရိကန်က သူ့ရဲ့ တပ်သား ၄၀၀၀ ကို ပို့လွှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ခါ လိုင်ဘေးရီးယား နိုင်ငံမှာ တပ်ချထားတဲ့ နိုင်ဂျီးရီးယား စစ်သား ၁၃၀၀ ကျော် ရှိတဲ့ တပ်စခန်းထဲကို အီဘိုလာ လူနာ တစ်ဦး ဝင်ရောက်လာပြီး သေဆုံးသွား ခဲ့တဲ့ အတွက် အဲဒီ စစ်သားတွေ အားလုံးကို သီးသန့် ခွဲခြား ထိန်းသိမ်း ထားလိုက် တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောပါတယ်။

လိုင်ဘေးရီးယား နိုင်ငံတွင်းမှာ အီဘိုလာ ရောဂါ ပြန့်နှံ့မှုကို တားဆီး နိုင်ရေးအတွက် လူတွေရဲ့ သွားလာမှု တွေကိုပါ ထိန်းချုပ်ဖို့ လိုင်ဘေးရီးယား လွှတ်တော် အမတ်တွေ အခြေအတင် ဆွေးနွေးဖို့ ရှိပါတယ်။

မာလီ နိုင်ငံမှာတော့ အီဘိုလာ ကာကွယ်ဆေး အသစ်ကို လူနာတွေနဲ့ စတင် စမ်းသပ် ကုသနေပါတယ်။

စပိန် နိုင်ငံ မှာလည်း အခြေအနေ ဆိုးဝါးနေတဲ့ အီဘိုလာ ရောဂါရှင် သူနာပြု ဆရာမ နဲ့ ထိတွေ့ခဲ့သူ နောက်ထပ် ၇ ဦးကို ဆေးရုံမှာ ထိန်းသိမ်း ကုသ ပေးနေရာမှာ စုစုပေါင်း စောင့်ကြပ် ကုသ ပေးနေရတဲ့ အီဘိုလာ လူနာ ၁၄ ဦး ရှိသွားပါပြီ။


http://www.bbc.co.uk/burmese/world/2014/10/141010_us_troops_ebola

No comments:

Post a Comment