Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 27, 2014

ကိုပါကြီး အမှုအတွက် ဗျူဟာမှူး ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့ဖွဲ့စည်း


တပ်မတော်မှ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေဆုံးသွား သည့် အလွတ်တန်းသ တင်း ထောက် ကိုပါကြီး သေဆုံးမှုအ တွက် တပ်မတော်မှ ဗိုလ်မှူးကြီး အဆင့်ရှိ ဗျူဟာမှူး တစ်ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ဗျူဟာမှူး ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အောက်တိုဘာ ၂၅ ရက်က ဖွဲ့ စည်းလိုက်ခြင်းဖြစ်ပြီး ကိုပါကြီး သေဆုံးမှုဖြစ်စဉ်တွင် ဖမ်းဆီးခဲ့သူ၊ပါဝင်ပတ်သက်ခဲ့သူ အားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအ၀ိုင်းနှင့် နီး စပ်သူတစ်ဦးကပြောသည်။

‘‘မိသားစုက တပ်ကိုတိုင် ကြားတာမရှိပေမယ့် ကာယကံရှင်ရဲ့ တုံ့ပြန်မှုနဲ့ဖြစ်စဉ်အပေါ် ပြည် သူတွေရဲ့ တုံ့ပြန်ချက်ကြောင့် ခုလို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့လိုက် တာပါ။ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်ပါတယ်။ ဖမ်း ဆီးသွားတဲ့သူ၊ စစ်ဆေးတဲ့သူ အားလုံးကို စစ်ဆေးသွားမှာပါ။ သေဆုံးမှုဖြစ်စဉ်အမှန်ပေါ်ပေါက် စေဖို့ဖြစ်ပါတယ်’’ ဟု အဆိုပါနီး စပ်သူကပြောကြားသည်။

ဗျူဟာမှူး ဗိုလ်မှူးကြီး အမည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ယခု စုံစမ်းစစ်ဆေးရေးဖွဲ့ စည်းခြင်းနှင့် ပတ်သက်၍ ကိုပါကြီး၏ မိသားစုဝင်များ မသိရှိသေးဘဲ ယနေ့ (အောက်တိုဘာ ၂၇ ရက်) အထိ အရှေ့တောင်တိုင်း စစ်ဌာ နချုပ်မှ လာရောက်ဆက်သွယ် ခြင်းမရှိဟု ကိုပါကြီး၏ဇနီးမသန္တာ ကပြောကြားသည်။

ကိုပါကြီးသေဆုံးမှုအတွက် အရပ်ဘက် တရားရုံးတွင်သာ တရားစွဲဆိုလိုပြီး စစ်ခုံရုံးဖြင့် အရေးယူခြင်းကို အလိုမရှိဟု မသန္တာကပြောကြားသည်။

ကိုပါကြီးမှာ အောင်ကြီး အမည်ဖြင့် ရန်ကုန်တိုင်းမ်ဂျာနယ် တွင် အောက်တိုဘာလဆန်းက သတင်းနှင့် သတင်းဆောင်းပါးများ ရေးသားထားကြောင်း ဒီမို ကရေစီနှင့် အမျိုးသမီးငြိမ်းချမ်း ရေး ကွန်ရက်အဖွဲ့မှ ၎င်းရေး သားထားသော သတင်းဆောင်း ပါးများနှင့် ဂျာနယ် စာမျက်နှာ အချို့ကို လူမှုကွန်ရက်စာမျက်နှာ တွင် အောက်တိုဘာ ၂၇ ရက်က တင်ထားခဲ့သည်။ သို့သော်ကိုပါ ကြီးမှာ သတင်းထောက်ဟုတ်၊ မဟုတ်ကိုမူ စာနယ်ဇင်းအဖွဲ့ အစည်းအသီးသီးက အတည်ပြု ပြောခြင်းမရှိသေးပေ။

7Day Daily

No comments:

Post a Comment