Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 11, 2014

နော်ဝေးဘုရင် မြန်မာနိုင်ငံ လာမည်

နော်ဝေးနိုင်ငံဘုရင် ဟာရဲလ်နှင့် မိဖုရားတို့သည် မြန် မာနိုင်ငံသို့ မကြာမီလာရောက် မည်ဖြစ်ပြီး ခရီးစဉ်အသေးစိတ် အခြေအနေကို ညှိနှိုင်းနေကြောင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ယမန်နှစ်က ဥရောပငါးနိုင်ငံ ခရီးစဉ် သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ ဖိတ်ကြား ချက်အရလာရောက်မည်ဖြစ်ပြီး ဥရောပနိုင်ငံများမှ ဘုရင်တစ်ပါးအနေဖြင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သို့လာရောက်ခြင်းလည်းဖြစ် သည်။

‘‘သမ္မတကြီးက နော်ဝေးကို သွားထားတာရှိတယ်။ အဲဒီမှာ တုန်းက ဖိတ်ထားတာကလည်းရှိ တော့ နော်ဝေးဘုရင်နဲ့ မိဖုရားတို့ လည်း လာဖို့တော့ရှိတယ်။ သံတ မန်ထုံးစံပေါ့။ နှစ်ဖက်တော့ ပြန် ညှိနေတဲ့ သဘောရှိပါတယ်။ ဘယ်ရက်ရောက်မယ်၊ ဘာတွေ လုပ်မလဲ၊ ခရီးစဉ် အသေးစိတ် တော့ ညှိနေရတုန်းပါ’’ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နော်ဝေးဘုရင်နှင့် မိဖုရားတို့ သည် ဒီဇင်ဘာလဆန်းပိုင်းတွင် လာရောက်မည်ဖြစ်ကြောင်း နော် ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ခရီးစဉ် အတွင်း နိုင်ငံခြားရေးဝန်ကြီး၊ ကုန်သည်စက်မှုဝန်ကြီးနှင့် နော် ဝေးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ကြီးများ လိုက်ပါလာမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်သည် နော်ဝေးနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဖေ ဖော်ဝါရီလက ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး နော်ဝေးဘုရင်၊ နော်ဝေး၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းခရီးစဉ်အပြီးတွင် ဥ ရောပနိုင်ငံများနှင့် ပြင်သစ်ပဲရစ် ကလပ်နိုင်ငံများက မြန်မာကို ကန်ဒေါ်လာ ခြောက်ဘီလီယံကျော် အကြွေး လျှော်ပစ်ခဲ့သည့်အထဲ တွင် နော်ဝေးနိုင်ငံလည်းပါဝင်ခဲ့ သည်။ ထို့အပြင်အစိုးရသစ်လက် ထက်တွင် နိုင်ငံ ၂၀ နှင့် အဖွဲ့အ စည်း ၁၀ ဖွဲ့က ၂၀၁၅-၁၆ အတွက် ပေးအပ်သည့် နိုင်ငံတ ကာအကူအညီများထဲတွင် ကန် ဒေါ်လာ ၁၁၂၅ သန်းခန့်ကူညီ ထောက်ပံ့မှုတွင် နော်ဝေးနိုင်ငံ ပါဝင်ထားသည်။

မြန်မာနိုင်ငံတွင် နော်ဝေးသံ ရုံးကိုလည်း ဖွင့်လှစ်ထားပြီး နော် ဝေးနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ငွေကြေးကူ ညီပံ့ပိုးခြင်းတို့ပြုလုပ်ထားသည်။

7day daily

No comments:

Post a Comment