Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 17, 2014

မြန်မာ ယူ ၁၉ ယူအေအီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်

ရန်ကုန် သုဝဏ္ဏကွင်းမှာ ဒီနေ့ ညနေ ယှဉ်ပြိုင်ကစားကြတဲ့ အာရှ ယူ၁၉ လူငယ် အားကစားပြိုင်ပွဲ ကွာတားဇိုင်နယ် ပွဲစဉ်မှာအိမ်ရှင် မြန်မာအသင်းက ယူအေအီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးသွင်းနိုင်ခြင်းမရှိပမယ့် ဒုတိယပိုင်း ၅၂ မိနစ် မှာ ငြိမ်းချမ်းအောင်ချပေးတဲ့ ဘောလုံးကို သန်းပိုင်းက အနီးကပ်ကန်သွင်းပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာလူငယ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်သလို နယူးဇီလန်နိုင်ငံမှာ လာမယ့်နှစ်ကျင်းပမယ့် ယူ၂၀ ကမ္ဘာ့ ဖလား လူငယ်ဘောလုံး ပြိုင်ပွဲကို ၀င်ရောက်ခွင့်ရသွားပြီဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာတုန်းက ယီမင်နဲ့သရေ၊ ထိုင်းကို ၃-၀ ဂိုး၊ အီရန်ကို ၂-၀ ဂိုးနဲ့ရှုံးပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ကွာတာဖိုင်နယ်မှာတော့ ယူအေအီးကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68146

No comments:

Post a Comment