Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 24, 2014

နားပေါက်နှင့် စအိုပေါက်မပါ မွေးဖွားလာသည့် မိန်းကလေးငယ်အား ခွဲ စိတ်ကုသရန်အတွက် အလှူရှင်များ လိုအပ်နေ


မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့တွင်နားပေါက်မပါသည့်အပြင် စအိုပေါက်ပါ မပါ
သည့် ထူးခြား သော မိန်းကလေးငယ်တစ်ဦးအား အောက်တိုဘာ ၁၆ရက်က မွေး ဖွားခဲ့ရာ
အဆိုပါကလေးငယ် ဆေး ကုသမှုခံယူနိုင်ရေးအတွက် အလှူ ရှင်များ လိုအပ်လျက်ရှိကြောင်း သိရ သည်။

အဆိုပါ မိန်းကလေးငယ်ကို ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက် ကန်တော်လေးရပ်နေ မိဘများဖြစ် ကြသည့် ဦးသန်းထွန်းဝေနှင့် ဒေါ် သီသီလှိုင်တို့က ယင်းနေ့ နံနက် ၂ နာရီ ၂၈မိနစ်တွင် နေအိမ်၌မွေး ဖွားခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အ ချက်မှာ မိန်းကလေးငယ်၏ ဘယ် ဘက်နားတွင် နားရွက်နှင့် နားပေါက် မပါသည့်အပြင် စအိုပေါက်မပါရှိ သောကြောင့် ကျင်ကြီးစွန့်ရန် ခက် ခဲနေကြောင်း မိဘနှစ်ပါး၏ ပြော ကြားချက်အရ သိရှိရသည်။

သို့ဖြစ်ပါ၍ အလှူရှင်များအနေ ဖြင့် ခွဲစိတ်ကုသရန်အတွက် ကူညီ လှူဒါန်းလိုပါက ဖခင်ဖြစ်သူ
ဦး သန်းထွန်းဝေ ဖုန်း-ဝ၉၃၃၂၉၂၄၇၅ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Democracytoday

No comments:

Post a Comment