Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 30, 2014

ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင်


ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် ထိုင်းဗီဒီ ယိုဇာတ်ကားကို ပိုစတာမှအစ ပုံစံ
တူကူးချထားသည့်အတွက် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးက အာရှရုပ်ရှင်အစည်းအရုံးသို့
တိုင်ကြား ထားပြီး ဘတ်ငွေသန်း ၃၀လျော်ကြေးတောင်းထားသည့် အကြောင်းကို မသိရှိကြောင်း သရုပ်ဆောင် နေထူးနိုင်ကပြောသည်။

‘‘ကျွန်တော် ဒီသတင်းကို မသိပါဘူး။ ကျွန်တော်အခုနယ် မှာ ဇာတ်ကားရိုက်နေတာပါ။ ဒါပေမဲ့ ဒီလိုသတင်းတွေ ထွက် ပေါ်လာတာကတော့ ဒီမြန်မာ နိုင်ငံမှာ ကျွန်တော်တစ်ယောက် တည်း သူများနိုင်ငံက ဇာတ်ကား တွေကို ကူးချရိုက်နေတာ မဟုတ် ဘူး။ ရိုက်နေတဲ့ လူတွေအများ ကြီးပါ။ ကျွန်တော်တစ်ခုတော့ ပြောချင်ပါတယ်။ တကယ်လို့ တရားစွဲမယ်ဆိုရင် IP Law (မူပိုင် ခွင့်ဥပဒေ) က အတည်ဖြစ်ပြီးလား ဆိုတာပဲ မေးချင်ပါတယ်’’ဟု ဆိုသည်။


အဆိုပါ ဇာတ်ကားကို ရိုက်ကူးထားသည်မှာ ခုနစ်နှစ်၊ရှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်ထုတ်လုပ်ရေးနှင့် ရိုက်ကူးခဲ့သည်ကိုပင် မမှတ်မိတော့ကြောင်း အကယ်၍ တရားစွဲဆိုခဲ့ပါကလည်း ထိုင်းနိုင်ငံမှ တရားဝင်အကြောင်းကြား လာလျှင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်သူများကို အသိပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့သည့် သတင်းမှာ မနာလိုသူများ၏လုပ်ကြံမှုတစ်ရပ်သာ ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနှင့်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိကြောင်း ဆိုသည်။

ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် အကြောင်းအရာမှာ

ထိုင်းနိုင်ငံ ချူလာထိုင်းရုပ်ရှင်ကုမ္ပဏီမှ သန်းတစ်ထောင်ကျော်ကုန်ကျခံ ရိုက်ကူးထားသော အက်ရှင်ဇာတ်ကားတစ်ကားကို မြန်မာနိုင်ငံမှ ပိုစတာပုံစံတူ ဇာတ်လမ်းဇာတ်ညွှန်းတစ်ပုံစံတည်း ရိုက်ကူးထားသည့် ‘‘မီးကျည်မင်းခေါင်’’အမည်ဖြင့် ရိုက်ခဲ့သဖြင့် မြန်မာနိုင်ငံမှ လျော်ကြေးငွေ အဖြစ် ဘတ်သန်း ၃၀ ကျော်ရရှိလိုကြောင်း တရားစွဲထားပြီး အာဆီယံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားထားသည် ဟူ၍ဖြစ်သည်။

သို့သော်အချို့က ထို အကြောင်းအရာမှာ ယုတ္တိမရှိ သဖြင့် အတုအယောင်သတင်းမျှသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mark သရဲဟာသဇာတ်ကားကိုလည်း ပုံတူကူးချကာ ရိုက်ကူးခဲ့ကြ ဖူးသည်။


 7 Day Daily News

No comments:

Post a Comment