သေရင် နောက်ဘဝဆိုတာရှိုပါသလား။ ဦးနှောက်လည်ပတ် အလုပ်လုပ်မှု
လုံးဝရပ်တန့်ပြီးတဲ့နောက်ပိုင်းမှာတောင် အသိစိတ်တစ်ခု ဆက်လက်ရှိနေကောင်း
ရှိနေနိုင်တယ်လို့ သေဆုံးခါနီးနဲ့ အသက်ဇီဝန်ချုပ်ပြီးနောက်ပိုင်း
အဖြစ်အပျက်အကြောင်း ဆေးပညာအရလေ့လာချက်တစ်ခုအရ သိရပါတယ်။
Southampton တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက လန်ဒန်၊ အမေရိက နဲ့
သြစတြေးလျနိုင်ငံက ဆေးရုံတွေမှာ ရှိနေကြတဲ့ နှလုံးရောဂါဝေဒနာရှင် အယောက်
၂၀၀၀ ကျော်ကို (၄) နှစ်တိတိ အချိန်ပေးပြီး စူးစမ်း လေ့လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဝေဒနာရှင်ထဲ ၄၀% ရာခိုင်နှုန်းက သူတို့နှလုံးအလုပ်ပြန်မလုပ်မီ
အချိန်လေးဖြစ်တဲ့ ဆေးအာနိသင်ကြောင့် နှလုံးခုံရပ်ပြီး ခဏတာ
အသက်ပျောက်နေစဉ်အချိန်အတွင်း ခံစားခဲ့ရတဲ့ အသိစိတ်တစ်မျိုးတစ်ဖုံ
(awareness)နဲ့ ပတ်သက်လို့ ပြောဆိုခဲ့ကြတယ်။
အဲဒီထဲ တစ်ယောက်က သူ့ခန္ဓာကိုယ်ကို လုံးလုံးစွန့်ခွာသွားပြီး
အခန်းထောင့်တစ်နေရာမှ အသက်ပြန်လည်ရလာတာတဲ့ဖြစ်စဉ် ရပ်ကြည့်နေခဲ့ကြောင်း
ပြန်ပြောင်းပြောဆိုခဲ့တယ်လို့ သုသေတနပညာရှင်များက ပြောဆိုခဲ့တယ်။
Southampon က အသက် ၅၇ နှစ်အရွယ် လူမှုရေးလုပ်သားတစ်ဦးက အသိစိတ်ကင်းဝေးလျက်
သုံးမိနစ်တာ သတိလုံးဝလစ်သွားပေမယ့် သူနာပြုဝန်ထမ်းတွေရဲ့
လုပ်ဆောင်မှုအသေးစိတ်ကို ပြန်လည်ပြောပြခဲ့ပြီး အသုံးပြုသွားတဲ့ စက်သံကိုပါ
ဖော်ပြပြောဆိုသွားပါတယ်။
နှလုံးခုန်နှုန်းရပ်ပြီးရင် ဦးနှောက်လည်း အလုပ်မလုပ်နိုင်တော့ဘူးလို့ဆိုတာ
သိရတယ်လို့ Southampon တက္ကသိုလ် ယခု နယူးရောခ်တက္ကသိုလ်မှ
သုတေသီဟောင်းတစ်ဦးဖြစ်တဲ့ Dr. Parnia ကပြောပါတယ်။
သို့ပေမဲ့ အခုအခါမှာ နှလုံးရပ်သွားလို့ ၂၀-၃၀ မိနစ်အတွင်း
ဦးနှောက်လည်ပတ်မှု သူ့အလိုအလျှောက်ရပ်တန့်သွားသည့်အချိန်မှာတောင်
နှလုံးခုန်ရပ်ပြီးလို့ ၃ မိနစ်ထက်မက အသိစိတ်က ဆက်လက်ဖြစ်ပေါ်နေသေးတယ်။
အဲဒီပုဂ္ဂိုလ်က အခန်းထဲဖြစ်ပျက်ခဲ့သမျှကြောင်း ကုန်စင်ပြောပြသွားတာပါ။
ဒါပေမဲ့ ပိုပြီးအရေးကြီးတာက ဒီ ၃ မိနစ်အချိန်ကာလစပ်ကြား
ဆူညံသံဖြစ်ပေါ်စေသော စက်ယန္တရားကြားမှတဆင့် ပြတ်တောက်ပြတ်တောက်အသံနဲ့အတူ
ကျယ်လောင်စွာ အော်သံနှစ်ခု သူကြားလိုက်တာပါ။ ဒါ့ကြောင့်မို့
အချိန်ဘယ်လောက်ကြာသွားသလဲ တိုင်းတာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
သူ့ကို ကြည့်ရတာ ယုံလောက်စရာကောင်းနေပြီး သူပြောသွားခဲ့တဲ့အကြောင်းအရာ
အားလုံးမှာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေချည်းပါပဲလို့
Parnia ပြောတယ်။
နှလုံးရောဂါဝေဒနရှင် ၂၀၆၀ ကိုလေ့လာခဲ့တဲ့အထဲ ၃၃၀ ယောက်က
အသက်ရှင်ကျန်ရစ်ခဲ့ပြီး ၁၄၀ က မေ့မျောရာမှ သတိပြန်လည်လာချိန်မှာတော့
အသိစိတ်နဲ့ပတ်သက်ပြီး တစ်မျိုးတစ်ဖုံ ခံစားခဲ့ကြပါတယ်။
၅ ယောက်မှာ ၁ တစ်ယောက်က ငြိမ်းချမ်းတဲ့စိတ်အာရုံတစ်ခုကို ထူးထူးခြားခြား
ရရှိခံစားခဲ့ပြီး သုံးပုံတစ်ပုံက အချိန်ကာလမှာ တရိပ်ရိပ်
အဆုံးသတ်သွားခဲ့ကြောင်း သို့မဟုတ် မြန်ဆန်စွာ ရွေ့ရှားနေကြောင်း
အသီးသီးပြောဆိုခဲ့ကြတယ်။
တစ်ချို့တွေကတော့ အလွန်တောက်ပလင်းထိန်နေတဲ့ အလင်းရောင်တစ်ခု
မြင်တွေ့ခဲ့ကြောင်းပြန်ပြောခဲ့ကြတယ်။ တချို့ကျတော့
ကြောက်စိတ်ဖြစ်နေခဲ့ကြောင်း ဒါမှမဟုတ် အင်မတန်နက်ရိုင်းတဲ့ ရေပြင်ကြီးထဲ
ဆွဲခေါ်ခံရသလို ခံစားခဲ့ရကြောင်း ပြန်လည်ပြောဆိုခဲ့ကြပါတယ်။
Parnia ကတော့ တချို့မှာ သေမင်းဆီ ချဉ်းကပ်ရောက်ရှိတဲ့အချိန်
အတွေ့အကြုံများစွာကြုံရနိုင်တယ်။ ဒါပေမဲ့ မေ့မျောနေရာကနေ
သတိပြန်လည်ရလာချိန် ဆေးဝါးအသုံးပြုထားတဲ့အရှိန်ကြောင့် စိတ်အာရုံခံစားမှု
အသိတရားနဲ့ ကင်းကွာနိုင်တယ်လို့ လည်း ယုံကြည်ထားတယ်။
Source: indianexpress
Trend Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 10, 2014
သေရင် နောက်ဘဝဆိုတာရှိပါသလား၊ သိပ္ပံပညာတွေက သက်သေအထောက်အထားတွေ လေ့လာတွေ့ရှိ
သေရင် နောက်ဘဝဆိုတာရှိပါသလား၊ သိပ္ပံပညာတွေက သက်သေအထောက်အထားတွေ လေ့လာတွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 10, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 10, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment