Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

ဗြိတိသျှ စုံတွဲ သတ်ဖြတ်မှု တရားခံတွေ ထုတ်ပြ




ဗြိတိသျှ ကမ္ဘာလှည့် စုံတွဲကို သတ်ဖြတ်မှုနဲ့ တရားစွဲ ခံရတဲ့ စောနဲ့ ဝင်း ဆိုတဲ့ မြန်မာ အမျိုးသား ၂ ယောက်ကို ထိုင်း ရဲက သတင်းစာ ရှင်းပွဲမှာ ထုတ်ပြ ခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီး ခန္ဓာကိုယ်က ရတဲ့ ဒီအင်အေ နမူနာနဲ့ ဒီလူ ၂ ယောက်ရဲ့ ဒီအင်အေ တူညီတယ် လို့လဲ ထိုင်း ရဲ မင်းကြီးက ပြောပါတယ်။

စောနဲ့ ဝင်း ဆိုတဲ့ မြန်မာ အမျိုးသား ၂ ယောက်ကို လူသတ်မှု ဖြစ်ပွားတဲ့ ကိုထောင်း ကျွန်းက ကမ်းခြေကို ဒီကနေ့ ခေါ်သွားပြီး လူသတ်မှု ဖြစ်စဉ်ကို ပြန်လည် သရုပ်ဆောင် ပြသ ခိုင်းခဲ့ပါတယ်။

အရင် သီတင်း ၂ ပတ်ကျော်က ဗြိတိသျှ ကမ္ဘာလှည့် စုံတွဲကို လုယက် သတ်ဖြတ်မှု၊ မတရား ပြုကျင့်မှု တွေနဲ့ သူတို့ ၂ ယောက်ကို ထိုင်းရဲက တရားစွဲ ထားပါတယ်။

No comments:

Post a Comment