Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

ချစ်သူအတွက် ကိုယ်တိုင်ရွှေတူးရှာ၍ စေ့စပ်နှင့် လက်ထပ် လက်စွပ်များ လုပ်သူ


စကော့တလန်မှ John Greenwood ဆိုသူ အမျိုးသားတစ်ဦးသည် ချစ်သူအတွက် စေ့စပ်လက်စွပ်နှင့် ၎င်းတို့၏ လက်ထပ်လက်စွပ်အတွက် စကော့တလန် တောင်များရှိ ရေခဲတမျှအေးသော စမ်းချောင်းများမှ ရှားပါးလှသော  ရွှေတိုရွှေစများအား တစ်နှစ်ခွဲခန့်ကိုယ်တိုင်ရှာဖွေ စုဆောင်း၍ ခဲ့ကြောင်း သိရသည်။
Morag's engagement ring


ထိုတောင်ကြိုတောင်ကြားများမှ ထွက်ရှိသော စကော့တလန်ရွှေဟာ ရှားပါးလှကာ ထိုရှားပါးသော ရွှေတိုရွှေစများအား John Greenwood က ကိုယ်တိုင်အချိန်ယူ စုဆောင်းခဲ့ခြင်း ဖြစ်သည်။
သူဟာ ထိုစေ့စပ်လက်စွပ်ဒီဇိုင်းအတွက် လက်ဝတ်ရတနာ ဒီဇိုင်းထွင်သူကို စတာလင်ပေါင်ငါးရာသာ ပေးခဲ့ရကြောင်း သိရသည်။
သူဟာ ၂၀၁၁ခုနှစ် စက်တင်ဘာလမှစ၍ ရွှေတူးဖို့ ပစ္စည်းကိရိယာများ ယူဆောင်ကာ နေ့စဉ် နာရီပေါင်းများစွာ အသုံးပြု၍ ထိုစေ့စပ်လက်စွပ်အတွက် သုံးလခန့် အချိန်ယူ ရွှေတူးခဲ့ရကြောင်း သိရသည်။

22+ carats


ဒီဇင်ဘာမှာတော့ သူဟာ ၎င်းတို့ရဲ့ လက်စွပ်အတွက် (၃၄)ဂရမ်အလေးချိန်ရှိ ရွှေစများ စုဆောင်းထားမိခဲ့ကြောင်း သိရသည်။
wedding and engagement rings


(၁၈)လအတွင်းတွင် ၎င်းတို့၏ စေ့စပ်လက်စွပ်နှင့် လက်ထပ်လက်စွပ်အတွက် သူဟာ (၇၀)ဂရမ်အလေးချိန်ရှိ အရည်အသွေး (၂၂)ကာရက်အထက်ရှိသော ရွှေများကို စုဆောင်းမိခဲ့ကြောင်း သိရသည်။
၎င်းရွှေတူးဖော်ရာ နေရာတလျောက်တွင် ရွှေရှာသူများက ၎င်းတို့တသက်တာတလျောက်လုံး ရွှေရှာတူးလာခဲ့ကြပေမယ့် လက်စွပ်တစ်ကွင်းလုပ်ဖို့ ရွှေလုံလုံလောက်လောက်ပင် မရရှိနိုင်ခဲ့ကြကြောင်း သိရသည်။
John and Morag


John Greenwood ကမူ ကံကောင်းတာလား ၊ အချစ်စွမ်းအားကြောင့်လား ၊ ကြိုးစားအားထုတ်မှုကြောင့်လား မသိငြားသော်လည်း ချစ်သူ Morag နှင့် လက်ထပ်မင်္ဂလာပွဲ အောင်မြင်စွာ ဆင်နွှဲပြီးနောက် ၎င်းပင်ပန်းရကြိုး နပ်ခဲ့လေပြီ။

Source : Dailymail

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment