Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 16, 2014

ဦးဆန်းဆင့် တရားစွဲဆိုခံရမှု သူရဦးရွှေမန်း နိုင်ငံတော်သမ္မတကို သ၀ဏ်လွှာပို့

ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားစွဲဆို ခံထားရတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ တစ်စောင် ပေးပို့ထားတယ်လို့ အလုံမဲဆန္ဒ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဦးဆန်းဆင့်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ ပြန်လည်သုံး သပ်ပြီး သက်ညှာစွာစဉ်း စားပေးဖို့ ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးနိုင်ဖို့ ဆရာတော် သံ ဃာတော်တွေ၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူလူထု ၁၀၀၄ ဦးတို့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို မေတ္တာရပ်ခံစာတွေ ပေးပို့လာတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ထံ သဝဏ်လွှာပေးပို့တာ ဖြစ်ပါတယ်။

အဲဒီသဝဏ်လွှာမှာ ဦးဆန်းဆင့်အပေါ် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍက ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး တရားစွဲဆိုတင်ပို့လာတဲ့အမှုကို တရားစီရင်ရေးကဏ္ဍဖြစ်တဲ့ တရားရုံးက စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောကြားမှာဖြစ်သလို မေတ္တာရပ်ခံလာတဲ့ သံဃာတော်တွေကို သင့်တော်တဲ့နည်းလမ်းနဲ့ လျှောက်ထားအသိပေးသွားမယ်လို့ ပါရှိပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က တို့နဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/67961

No comments:

Post a Comment