အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်အဖွဲ့က အမေရိကန် လူမျိုးတယောက်လို့
ယူဆရတဲ့ ဓားစာခံ တယောက်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြပြန်ပါတယ်။
အိုက်အက်စ်အဖွဲ့ကို ထောက်ခံတဲ့ တွစ်တာ အကောင့်တွေက တဆင့် ယူကျူပေါ်မှာ
တက်လာတဲ့ ဗီဒီယိုမှာ ဗြိတိန်လူမျိုး အေလန် ဟန်းနေးကို
ခေါင်းဖြတ်သတ်ဖြတ်တယ်ပုံကို ရိုက်ကူးထားပါတယ်။ ၁ မိနစ်ကြာ ဗီဒီယိုရဲ့
အဆုံးမှာတော့ အမေရိကန် လူမျိုး ပီတာ အတ်ဒ၀ပ် ကက်ဆင်း ကို ထုတ်ပြထားပါတယ်။
အမေရိကန် အရာရှိတွေကတော့ အဲဒီ နာမည်နဲ့ အမေရိကန်တယောက်ကို စစ်သွေးကြွတွေက
ဖမ်းထားတယ်လို့ အတည်ပြုပါတယ်။ ဗီဒီယိုရဲ့ စစ်မှန်မှုကိုလည်း အရာရှိတွေက
သံသယမရှိပါဘူး။
ဗြိတိန်လူမျိုး အေလန် ဟန်းနေးဟာ အိုင်အက်စ်အဖွဲ့က ဒီလို
ခေါင်းဖြတ်သတ်ဖြတ်တာကို ခံရတဲ့ လေးယောက်မြောက် ဖြစ်ပါတယ်။ ဒီမတိုင်ခင်က
အမေရိကန် သတင်းထောက်နှစ်ယောက်နဲ့ ဗြိတိန် အကူအညီပေးရေး
လုပ်သားတယောက်တို့ကို ဒီလိုပဲ ခေါင်းဖြတ် သတ်ဖြတ်ခဲ့တာပါ။
အင်္ဂလန်မြောက်ပိုင်းသား ဟန်းနေးဟာ အသက် ၄၇ နှစ်အရွယ် ကားဒရိုင်ဘာ ဖြစ်ပြီး
မနှစ် ဒီဇင်ဘာလက ဆီရီးယားနိုင်ငံ အနောက်မြောက်ဒေသမှာ ဆေးဝါးအထောက်အပံ့တွေ
တင်သွားတဲ့ ယာဉ်တန်းအတူ လိုက်ပါသွားရင်း အဖမ်းခံခဲ့တာဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ ဆီရီးယားမှာ အနောက်နိုင်ငံတွေက လူ ၁၀ လောက်အထိ
ဖမ်းထားတယ်လို့ ယူဆရပါတယ်။ ကျန်နေသေးတဲ့ တခြားလူတွေကတော့ ဗြိတိသျှ
သတင်းသမား ဂျွန်ကန့်တလိုင်း လည်း ပါဝင်ပါတယ်။
DVB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 5, 2014
အိုက်အက်စ်အကြမ်းဖက်အဖွဲ့ အမေရိကန်လူမျိုး ဓားစာခံ တဦးကို ထုတ်ပြ
အိုက်အက်စ်အကြမ်းဖက်အဖွဲ့ အမေရိကန်လူမျိုး ဓားစာခံ တဦးကို ထုတ်ပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 05, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 05, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment